my_tw/bible/other/kiss.md

2.3 KiB

နမ်းသည်၊ နှုတ်ဆက်သည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"နမ်းခြင်းသည် လူပုဂ္ဂိုလ်တစ်ဦးကသူ၏နှုတ်ခမ်းကို အခြားလူတစ်ဦး၏ နှုတ်ခမ်းသော်၎င်း၊ မျက်နှာပေါ်သို့၎င်း ထားသည့် လုပ်ဆောင်မှုတစ်ခုဖြစ်သည်။ ဤအသုံးအနှုန်းကို တင်စားပြီးလည်း သုံးနိုင်သည်။

  • အချို့သော ယဥ်ကျေးမှုများတွင် အချင်းချင်းပါးနမ်းခြင်းသည် တစ်ယောက်နှင့်တစ်ယောက် တွေ့ဆုံနှုတ်ဆက်ခြင်း သို့မဟုတ် နှုတ်ဆက်ခွဲခွါခြင်းအတွက် သုံးကြသည်။
  • လူနှစ်ဦးတို့အကြား၊ လင် နှင့်မယားကြားတွင်လည်း နက်ရှိုင်းသောချစ်ခြင်းဖော်ကြူးသည့်အနေဖြင့် နမ်းခြင်းကို လုပ်ဆောင်ကြသည်။
  • "တစ်စုံတစ်ယောက်ကို ခွဲခွာခြင်းအနမ်း" အသုံးအနှုန်းသည် အနမ်းတစ်စုံဖြင့် နှုတ်ဆက်ခြင်းကို ဆိုလိုသည်။
  • တခါတရံမှာ "အနမ်း" စကားလုံးကို "ခွဲခွာနှုတ်ဆက်ခြင်း" အနေဖြင့် သုံးကြသည်။ ဧလိရှဲက ဧလိယကို "ကျွန်ုပ်အဖနှင့်အမိကို သွားပြီးနမ်းပါရစေ" ဟုပြောဆိုသည်မှာ ဧလိယနောက်မလိုက်မီ သူ့မိဘများ သွားနှုတ်ဆက်ရန် ဆိုလိုခြင်းသာဖြစ်သည်။