my_tw/bible/other/kingdom.md

3.1 KiB

နိုင်ငံ၊ တိုင်းနိုင်ငံ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တိုင်းနိုင်ငံဆိုသည်မှာ လူအုပ်စုတစ်ခုအား ရှင်ဘုရင်တစ်ပါးမှ အုပ်ချုပ်သည်ကို ဆိုလိုသည်။ နိုင်ငံရေးအရ ဘုရင်တစ်ပါး သို့မဟုတ အုပ်ချုပ်သူ၏ ထိန်းချုပ်ရာဒေသ၊ လုပ်ပိုင်ခွင့်ရှိသည့်ဒေသ ကိုလည်းရည်ညွှန်းသည်။

  • တိုင်းနိုင်ငံတစ်ခုသည် ပထဝီမြေ အရွယ်အစား ကြီးနိုင် သေးနိုင်သည်။ ရှင်ဘုရင်တစ်ပါးသည် နိုင်ငံတစ်ခု၊ တိုင်းတစ်ခု၊ မြို့ တစ်ခုတည်းကိုအုပ်ချုပ်နိုင်သည်။
  • "တိုင်းနိုင်ငံ" ဟူသောအသုံးအနှုန်းသည် "ဘုရားသခင်၏နိုင်ငံတော်" တွင် ဝိညာဥ်နဲ့ဆိုင်သော အုပ်ချုပ်မှု သို့မဟုတ် ထိန်းချုပ်မှုဟု ဆိုလိုခြင်းဖြစ်သည်။
  • ဘုရားသခင်သည် ဖန်ဆင်းခံအားလုံးကို အုပ်ချုပ်သူဖြစ်သည်။ သို့သော်လည်း "ဘုရားသခင်၏နိုင်ငံတော်" ဆိုသည့် အသုံးအနှုန်းတွင်မူ ယေရှုခရစ်တော်ကို ယုံကြည်၍ သူ့ထံဆက်ကပ်လာသည့်လူများအပေါ် ဘုရားသခင်၏အုပ်စိုးခြင်း၊ ထိန်းချုပ်ခြင်းကို သာဆိုလိုခြင်း ဖြစ်သည်။
  • သမ္မာကျမ်းစာက ဤကမ္ဘာပေါ်တွင် ယာယီဖြင့် စာတန်အုပ်ချုပ်သည့် "တိုင်းနိုင်ငံ" များအကြောင်းကိုလည်း ဖော်ပြထားသည်။ စာတန်၏ တိုင်းနိုင်ငံသည် အပြစ် နှင့် "မှောင်မိုက်ခြင်း" ကိုသာ ဆိုလိုသည်။

ဘာသာပြန်အကြံပြုချက်

  • ရှင်ဘုရင်တစ်ပါး အုပ်စိုးသော ဒေသကို ဆိုလိုချင်သည့်အခါမျိုးတွင် "တိုင်းနိုင်ငံ" ကို "နိုင်ငံ" ဟူ၍ ဖော်ပြ သုံးနှုန်းသင့်ပါသည်။