my_tw/bible/other/kin.md

1.6 KiB

ဆွေမျိုးသားချင်း၊ ဆွေမျိုး၊ ယောကျ်ားသား ဆွေမျိုး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဆွေမျိုးသားအချင်း" ဟူသော စကားသည် သွေးသားတော်စပ်မှု၌ သုံးနှုန်းသည်။ " ဆွေမျိုး" သည် အထူးသဖြင့် ယောကျ်ားသားဆွေမျိုးကို ခေါ်သည်။

  • ဤစကားလုံးအသုံးအနှုန်းသည် နီးစပ်သောဆွေမျိုး၊ မိဘ၊ ညီအစ်ကို၊ ရပ်ဝေးနေဆွေမျိုးများ၊ အဒေါ်၊ ဦးလေးနှင့် ဝမ်းကွဲများ ပါဝင်သည်။
  • ရှေးခေတ် ဣသရေလလူမျိုးထဲတွင် ယောကျ်ားဆုံးသွားပါက သူ့နာမည်ကို သယ်ဆောင်မည့်ကလေးရှိစေရန်အတွက် သူ၏အမျိုးများမှ သူ၏မုဆိုးမကို ပြန်ယူကြရသည်။ ထို့ကြောင့် ထိုလူကို "ဆွေမျိုး" ဟုခေါ်သည်။
  • ဤအသုံးအနှုန်းသည် "ဆွေမျိုး" သို့မဟုတ် "မိသားစုဝင်" ဟု ဘာသာပြန်နိုင်သည်။