my_tw/bible/other/jewishleaders.md

3.1 KiB

ယုဒခေါင်းဆောင်များ၊ ယုဒအကြီးအကဲများ၊ ဘာသာရေးခေါင်းဆောင်များ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ယုဒခေါင်းဆောင်များ" (သို့ ) "ယုဒအကြီးအကဲများ" သည် ဘာသာရေးခေါင်းဆောင်များဖြစ်ကြသည်။ ယဇ်ပုရောဟိတ်များ၊ မောရှေပညတ်ကို သွန်သင်သောဆရာများကို ရည်ညွှန်းသည်။ ဘာသာရေးနှင့် မဆိုင်သော အမှုကိစ္စများ၌လည်း စီရင်ဆုံးဖြတ်ပိုင်ခွင့်ရှိကြသည်။

  • ယုဒခေါင်းဆောင်များသည် ယဇ်ပုရောဟိတ်မင်း၊ ယဇ်ပုရောဟိတ်အကြီး၊ ဘုရားသခင်၏ ပညတ်တော်များကို သွန်သင်သော ကျမ်းပြုဆရာများဖြစ်ကြသည်။
  • အဓိက ယုဒခေါင်းဆောင် ၂ စု မှာ ဖာရိရှဲနှင့် ဇန္နုကဲများ ဖြစ်သည်။
  • ယုဒခေါင်းဆောင် (ရ၀) တို့သည် ယေရုရှလင်မြို့ ယုဒကောင်စီ၌ အတူတကွ တွေ့ဆုံကြပြီး တရားရေးကိစ္စများအတွက် ဆုံးဖြတ်ကြသည်။
  • ယုဒခေါင်းဆောင်အများစုက သူတို့သည် ဖြောင့်မတ်ကြသည်ဟု တွေးထင်ပြီး ဂုဏ်ယူကြသည်။ သူတို့သည် မနာလိုစိတ်ရှိပြီး ယေရှုကို နှောင့်ယှက်ကြသည်။ ဘုရားသခင်ကို သူတို့သိကြသည်ဟု ပြောသော်လည်း နာခံခြင်း မရှိကြပေ။
  • "ယုဒလူတို့" ဟူသော စကားစုသည် ယုဒခေါင်းဆောင်များကို ရည်ညွှန်းပြီး ယေရှုကို စိတ်တိုပြီး လှည့်စားသောစိတ်နှင့် အနှာင့်အယှက်ပေးသောအချိန်မျိုးတွင် အထူးသဖြင့် သုံးလေ့ရှိသော "ယုဒလူတို့" ဟူသောစကားစုကို ဆိုလိုသည်။
  • ဤဝေါဟာရကို ယုဒလူများနှင့် ယုဒဘာသာရေးခေါင်းဆောင်များကို အုပ်ချုပ်သော "ယုဒအကြီးအကဲများ" ဟု ပြန်ဆိုနိုင်သည်။