my_tw/bible/other/idol.md

2.2 KiB

ရုပ်တု၊ ရုပ်တုဆင်းတုကိုးကွယ်သော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

လူတို့သည်ကိုးကွယ်ဖို့ရုပ်တုကိုပြုလုပ်ကြသည်။ စစ်မှန်သောဘုရားသခင်မဟုတ်သော အခြားအရာကိုသာကိုးကွယ်ခြင်းသည် ရုပ်တုဆင်းတုကိုးကွယ်ခြင်း ဟုခေါ်သည်။

  • လူများသည် မိမိကိုးကွယ်သောမှားယွင်းသောဘုရားများကို ပုံဆောင်ဖို့ ရုပ်တုများကို ပြုလုပ်ကြသည်။
  • မှားယွင်းသောဘုရားဆိုတာမရှိပါ၊ ထာဝရဘုရားမှတစ်ပါး အခြားသောဘုရားမရှိပါ။
  • ရုပ်တုများသည် တန်ခိုးမရှိပါ၊ သို့သော် တစ်ခါတစ်လေ နတ်ဆိုးများသည် သူတို့တွင် တန်ခိုးရှိသကဲ့သို့ အလုပ်လုပ်ကြသည်။
  • ရုပ်တုများကို အဖိုးတန်သော ရွှေ၊ ငွေ၊ ကြေး သို့မဟုတ် ဈေးကြီးသောသစ်သားများမှ ပြုလုပ်ကြသည်။
  • ရုပ်တုဆင်းတုကိုးကွယ်သောနိုင်ငံသည် ရုပ်တုကိုးကွယ်သောသူများ၏နိုင်ငံ သို့မဟုတ် ကနဦး(အစပိုင်း)အရာများကိုကိုးကွယ်သော နိုင်ငံဖြစ်သည်။
  • "ရုပ်တုဆင်းတု ပုံဆောင်သည့်အရာ" ကို ထုထွင်းထားသောရုပ်တု သို့မဟုတ် ရုပ်တု ဟူ၍လည်း ခေါ်နိုင်သည်။