my_tw/bible/other/humiliate.md

2.1 KiB

အရှက်ခွဲသည်၊ စိတ်သိမ်ငယ်ခြင်း၊ အရှက်တကွဲဖြစ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အရှက်ခွဲခြင်း" ဟုဆိုရာတွင် စိတ်သိမ်ငယ်ခြင်း၊ အရှက်တကွဲဖြစ်သောခံစားချက်မျိုးကို တစ်စုံတစ်ယောက်တွင် ဖြစ်ပေါ်စေသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ယောက်ကို "အရှက်ခွဲသည်" ဟု ဆိုရာတွင် "အရှက်ရအောင်လုပ်ခြင်း" ကို ဆိုလိုသည်။

  • ထာဝရဘုရားသည် တစ်စုံတစ်ယောက်အား အရှက်ခွဲစေရာတွင် ထိုသူ၌ရှိသောမာန၊ ဝါကြွားခြင်းအား စွန့်လွတ်နိုင်ရန် အရှုံးနှင့် ရင်ဆိုင်စေပြီး သွန်သင်ခြင်းကို ဆိုလိုသည်။
  • ထိုသို့သွန်သင်ဆုံးမရာတွင် ထိုသူကို ထိခိုက်နစ်နာစေရန် သက်သက်ဖြင့် "အရှက်ခွဲခြင်း" မဟုတ်ပေ။
  • ထို့ကြောင့် "အရှက်ခွဲသည်" ဟုဆိုရာတွင် "ရှက်ကြောက်သည်၊ ရှက်ကြောက်စေသည် (သို့မဟုတ်) ကြပ်တည်းစေသည်" ဟု ဘာသာပြန်ဆိုနိုင်သည်။
  • အခြေအနေပေါ် မူတည်၍ "စိတ်သိမ်ငယ်ခြင်း" ကို အရှက်ခွဲခြင်း၊ သိမ်ငယ်စေခြင်းဟူ၍ ပြန်ဆိုရေးသားနိုင်သည်။