my_tw/bible/other/horn.md

2.6 KiB

ဦးချို

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဦးချိုသည် မာကျောခွန်ထက်ပြီး ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ သမင် အစရှိသော တိရစ္ဆာန်များ၏ ဦးခေါင်းတွင် ပေါက်ပြီး အစဉ်အမြဲရှိနေသည်။

  • သိုးထီး၏ ဦးချိုကို တီးမှုတ်စရာ တူရိယာအဖြစ် ပြုလုပ်၍ "သိုးထီးချို" (သို့) "တံပိုး" ဟု ခေါ်ပြီး ဘာသာရေးပွဲအစရှိသည့် ပွဲလင်းသဘင်များတွင် တီးမှုတ်လေ့ရှိသည်။
  • ဘုရားသခင်က ဣသရေလလူမျိုးများကို ကြေးဝါယဇ်ပလ္လင်နှင့် နံ့သာပေါင်းမီးရှို့ရာ ယဇ်ပလ္လင်၏ ထောင့်လေးထောင့်အစွန်းတဘက်စီကို ဦးချိုပုံစံ ပြုလုပ်ခိုင်းသည်။ ယဇ်ပလ္လင်ဦးချိုဟုခေါ်တွင်သော်လည်း အမှန်တကယ်မှာ တိရစ္ဆာန်၏ ဦးချိုမဟုတ်ပေ။
  • 'ဦးချို' ဟူသောဝေါဟာရကို 'ဦးချို' ပုံသဏ္ဌာန်ရှိသည့် ရေ (သို့) ဆီထည့်သည့် ဗူး၊ ပုလင်းကို ရည်ညွန်းသည်။ ရှမွေလက ဒါဝိဒ်ကို ဘိသိတ်ပေးရာ၌ အသုံးပြုသကဲ့သို့ ဘုရင်ကို ဘိသိတ်ပေးရာ၌ ထိုဆီဗူးမျိုးကို သုံးကြသည်။
  • ဤဝေါဟာရကို အခြားစကားလုံးဖြစ်သည် 'နှဲခရာ' ကို ရည်ညွန်းသောစကားလုံးအဖြစ် ပြန်ဆိုနိုင်သည်။
  • 'ဦးချို' ဟူသော ဝေါဟာရကို ပုံဆောင်ချက်အနေဖြင့် ခွန်အား၊ တန်ခိုး၊ အခွင့်အာဏာနှင့် ကြီးမြတ်ခြင်းတို့ကို ပုံဖော်ခြင်း၌လည်းသုံးသည်။