my_tw/bible/other/honey.md

2.9 KiB

ပျားရည်၊ ပျားလဘို့

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပျားရေသည် ပျားများက ပန်းဝတ်ရည်မှ ထုတ်လုပ်သော ချိုသောအရသာရှိသည့် စေးကပ်သော သုံးရန်သင့်တော်သောအရာဖြစ်သည်။ ပျားလဘို့သည် ပျားများပျားရည်ကို သိုလှောင်သော ဖယောင်းဘောင်တစ်ခုဖြစ်သည်။

  • အမျိုးအစားပေါ်မူတည်၍ ပျားရည်သည် ဝါကြင့်ကြင့် (သို့) ခပ်ညိုညိုအရောင်ရှိသည်။
  • ပျားရည်ကို တောမြေရိုင်းရှိ အခေါင်းပေါက်ရှိသောအပင် (သို့) ပျားများပျားအုံလုပ်နိုင်သော မည်သည့်နေရာ၌မဆို တွေ့နိုင်သည်။ လူတို့သည် ပျားရည်ကို စားသုံးရန်နှင့် ရောင်းချရန် ပျားအိမ်များ၌ ပျားရေကို ထုတ်လုပ်ကြသည်။ သို့ရာတွင် သမ္မာကျမ်းစာတွင်ဖော်ပြသောပျားရည်မှာ သဘာဝပျားရည်ဖြစ်သည်။
  • သမ္မာကျမ်းစာကဖော်ပြထားသော ပျားရည်စားသောပုဂ္ဂိုလ်သုံးဦးမှာ ယောနသန်၊ ရှံဆုန်နှင့် ဗတ္တိဇံယောဟန်တို့ဖြစ်သည်။
  • ဤဝေါဟာရကို ချိုမြိန်သော၊ သာယာကောင်းမွန်သောဆိုသည့်အရာများကို ဖော်ပြရာ၌ ပုံဆောင်ချက်အနေဖြင့် အသုံးပြုသည်။ ဉပမာ- ဘုရားသခင်၏ စကားတော်နှင့် ဉပဒေသများကို ပျားရည်ထက်မကချိုသည်ဟု အသုံးပြုထားသည်။ (ဤလင့်ခ်တွင်ကြည့်ပါ)
  • တစ်ခါတရံတွင် လူတစ်ဦး၏ စကားသည် ပျားရည်ကဲ့သို့ ချိုမြိန်သည်ဟု ထင်ရသော်လည်း လှည့်ဖျားခြင်းနှင့် အခြားသူများကို ထိခိုက်နာကျင်စေခြင်းရလဒ်သာ တွေ့ရသည်။