my_tw/bible/other/harvest.md

2.7 KiB

ရိတ်သိမ်းသည်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ရိတ်သိမ်းခြင်း" ဟူသောစကားလုံးသည် အပင်ကြီးထွားလာပြီး မှည့်သောအသီးများ (သို့) ဟင်းသီးဟင်းရွက်များစုသိမ်းရာတွင် အသုံးပြုသည်။

  • ပုံမှန်အားဖြင့် ရိတ်သိမ်းချိန်သည် စိုက်ပျိုးချိန်အဆုံး၌ ဖြစ်သည်။
  • ဣသရေလလူတို့သည် ကောက်ပဲသီးနှံရိတ်သိမ်းချိန်၌ ရိတ်သိမ်းပွဲ (သို့) စုသိမ်းပွဲကို ကျင်းပကြသည်။ ဘုရားသခင်က ထိုအသီးအနှံများထဲမှ အဦးသီးသော အသီးကို ပူဇော်ရန် မိန့်မှာထားသည်။
  • "ရိတ်သိမ်းခြင်း" စကာလုံးကို ယေရှုကိုယုံကြည်လက်ခံသောပြီး ရင့်ကျက်လာသောအသက်တာကိုဖော်ပြရန်အသုံးပြုသည်။
  • ဝိညာဉ်အသီးရိတ်သိမ်းခြင်းဆိုသည်မှာ ကြောက်ရွံ့ရိုသေသောအကျင့်စရိုက်ရှိသောအသက်တာသည် ဘုရားသခင်၏ပုံဏ္ဍာန်တော်ကဲ့သို့ရှိခြင်းကို ပုံဖော်ရာတွင်အသုံးပြုသည်။

ဘာသာပြန်အကြံပြုချက်များ

  • သီးနှံရိတ်သိမ်းခြင်းရည်ညွန်းခြင်းစကာလုံးကို ရိတ်သိမ်းစကာလုံးအတိုင်းအသုံးပြုခြင်းသည် အကောင်း ဆုံးဖြစ်သည်။
  • ရိတ်သိမ်းခြင်းကို စုသိမ်းချိန် (သို့) သီးနှံစုသိမ်းချိန် (သို့) အသီးခူးချိန်ဟု ပြန်ဆိုနိုင်ပါသည်။
  • "ရိတ်သိမ်းသည်" ဟူသော စကားလုံးကို "စုစည်းသည်" (သို့) "ခူးသည်" (သို့) "ကောက်သိမ်းသည်" ဟု ပြန်ဆိုနိုင်သည်။