my_tw/bible/other/harp.md

1.5 KiB

စောင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စောင်းသည် ကြိုးတပ်တေးဂီတဖြစ်ပြီး၊ သစ်သားဘောင်အကြီးတစ်ခုတွင် ‌ဒေါင်လိုက်ကြိုးများတပ်ထားသည်။

  • သမ္မာကျမ်းစာခေတ်အချိန်တွင် စောင်းနှင့် အခြားသောတေးဂီတများကို ထင်းချောင်းများဖြင့် ပြုလုပ်သည်။
  • စောင်းကို လက်နှင့် ကိုင်၍ တီးခတ်ပြီး လမ်းလျှောက်ရင်းလည်း တီးကြသည်။
  • ဘုရားသခင်ကို ချီးမွမ်းကိုးကွယ်ရာတွင် စောင်းကိုအသုံးပြုကြောင်း သမ္မာကျမ်းစာ၌ ရေးထားသည်ကိုတွေ့ရသည်။
  • ဒါဝိဒ်က ဆာလံသီချင်းများကို ရေးစပ်ရာတွင် စောင်းသံဖြင့် သီဆိုရေးသားသည်။
  • ရှောလုဘုရင်၏ စိတ်မတည်မငြိမ်ဖြစ်ခြင်းကို ဒါဝိဒ်စောင်းတီးပေးခြင်းဖြင့် စိတ်သက်သာစေခဲ့သည်။