my_tw/bible/other/gossip.md

2.1 KiB

အတင်းအဖျင်းပြောခြင်း၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အတင်းအဖျင်းပြောခြင်း" ဟူသောစကားလုံးသည် သူတစ်ပါး၏ကိုယ်ရေးကိုယ်တာကိစ္စတွင် ကိုယ်နဲ့မဆိုင်ပဲ အတင်းပြောဆိုအပုတ်ချခြင်းကို ရည်ညွှန်းသည်။ အများအားဖြင့် ထိုစကားလုံးသည် အ နူတ်လက္ခဏာဆောင်၍ သူတစ်ပါးအတွက် အထောက်အကူမရှိသော အရာဖြစ်သည်။ ထိုကဲ့သို့ပြောသောသူတို့၏စကားကို အမှန်မယူသင့်ပေ။

  • သမ္မာကျမ်းစာ၏ပြောထားချက်အရ သူတစ်ပါး၏အကြောင်းကို အနူတ်လက္ခဏာဆောင်သော သတင်းအချက်အလက်ကို ပြောသောသူသည် မတရားသောသူဖြစ်သည်။ "အတင်းအဖျင်းပြောခြင်း" နှင့် "သူတစ်ပါးအား ပုတ်ခတ်ပြောဆိုသောစကား" စသည်တို့သည် အနူတ်လက္ခဏာဆောင်သောစကား ဥပမာများပင်ဖြစ်သည်။
  • အတင်းအဖျင်းပြောခြင်းသည် တစ်ပါးသောသူ၏ဖြစ်ခြင်း၊ ရှိခြင်းကို ထိခိုက်နစ်နာစေသည်။ အဘယ်ကြောင့်ဆိုသော် တစ်ခါတရံတွင် တစ်ပါးသောသူနှင့်ကိုယ်ရဲ့ ဆက်ဆံရေးမျိုးကို ထိခိုက်စေတတ်သည်။