my_tw/bible/other/glean.md

2.3 KiB

ကောက်သင်းကောက်သည်၊ သီတင်း၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကောက်သင်းကောက်သည်" ဟူသော စကာလုံးသည် လယ်ယာမြေထဲသို့သွား၍ ကောက်ရိတ်သမားများ၏ ကျန်ရှိသော စပါးနှံတို့ကို ကောက်ယူခြင်းဖြစ်သည်။

  • ဣသရေလ လူမျိုးများအား ထာဝရဘုရားမိန့်မှာခဲ့သော အရာသည် မုဆိုးမများ၊ ချို့တဲ့သူများ၊ အခြားသောကောက်သင်းကောက်သူများအား အစားအစာများထောက်ပံ့ပေးရန်ဖြစ်သည်။
  • တစ်ခါတစ်ရံ၌ လယ်ပိုင်ရှင်က ကောက်ရိတ်သမားများ၏နောက်၌ ကောက်သင်းကောက်သူများ အနေဖြင့် ကောက်ယူနိုင်ရန် ခွင့်ပြုပေးခဲ့သည်။ ထိုအရာသည် မွန်မြတ်သောစိတ်ထားဖြင့် စပါးနှံများအား ထောက်ပံ့ပေးခဲ့ခြင်းလည်းဖြစ်သည်။
  • အရှင်းလင်းဆုံး ဥပမာတစ်ခု အနေဖြင့် ရုသဝတ္ထုထဲတွင် တွေ့နိုင်သည်။ ရုသ၏ဆွေမျိုး ဗောဇအမည်ရှိသော သူတစ်ဦးက ကောက်ရိတ်သမားများ၏ နောက်တွင် ကောက်သင်းကေက်သူများအား သဘောထားကြီးစွာ ခွင့်ပြုထားသည်ကို တွေ့နိုင်သည်။
  • အခြားသော အဓိပ္ပါယ်များမှာ ကောက်သင်းကောက်သည်၊ ကောက်ယူသည်၊ စုရုံးသည်၊ စုဆောင်းသည် ဟူ၍ဖြစ်သည်။