my_tw/bible/other/gate.md

2.8 KiB

ဂိတ်၊ ဂိတ်ပတ္တာ၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဂိတ်" ၏ အဓိပ္ပါယ်မှာ တစ်စုံတစ်ခုသောဘေးအန္တရယ်များမှ အကာအကွယ် ပြုထားခြင်းဖြစ်သည်။ အိမ်များ မြို့များကို ခြံစည်းရိုး (သို့) တံတိုင်းများ ဖြင့် ကာကွယ်ထားခြင်းဖြစ်သည်။ "ဂိတ်ပတ္တာ" ဟူသောစကားလုံးသည် သစ်သား(သို့) သတ္တုတစ်ခုခု ဖြင့် ပြုလုပ်ထားသော တံခါးပတ္တာတစ်ခု ဖြစ်သည်။

  • လူ၊ တိရိစ္ဆာန်၊ သင်္ဘော အစရှိသော အရာများနှင့် ခရီးနှင်သောအခါ၌ မြို့တို့၏ ဂိတ်တံခါးများကို ဖြတ်သန်းသွားလာရသည်။
  • မြို့များကို ကာကွယ်ရာ၌လည်း ထူ၍ခိုင်ခံ့သော ဂိတ်တံခါးများကို အသုံးပြုသည်။ ရန်သူများ၏တိုက်ခိုက်ခြင်းမှ ကာကွယ်နိုင်ရန် မြို့အတွင်းဖက်မှ သစ်တိုင်များ သတ္တုတိုင်များအားဖြင့် ခတ်၍ရသည်။
  • မြို့တော်တို့၏ဂိတ်ဝင်ပေါက်များ၌ မြို့တို့၏အမည်နာမများကို ကြော်ငြာထားခြင်းမျိုးဖြစ်သည်။ ထိုနေရာသည် စီးပွားရေးအရကူသန်းရောင်းဝယ်ရေးနှင့် တရားစီရင်ရသောနေရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မြို့ရိုးသည် ထူထပ်ပြီး နေရောင်ခြည်ကို ကာပြီးအရိပ်ကိုပေးလည်းပေးထားသောကြောင့်ဖြစ်သည်။ ထိုနေရာသည်လည်း စီးပွားရေးကူးသန်းရောင်းဝယ်မှု ပြုလုပ်ရန် နှင့် တရားဝင်ကိစ္စများကို ဖြေရှင်းရန် အကောင်းဆုံးသော နေရာလည်းဖြစ်သည်။