my_tw/bible/other/freewilloffering.md

2.5 KiB

မိမိစိတ်ဆန္ဒကို ပူဇော်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

မိမိစိတ်ဆန္ဒကို ပူဇော်ခြင်းသည် ဘုရားသခင်ထံသို့ ယဇ်ပူဇော်လိုက်ခြင်းဖြစ်၍ မောရှေ၏ပညတ်တရားနှင့် မသက်ဆိုင်ပေ။ ထိုအရာသည် မိမိစိတ်ဆန္ဒအားဖြင့် ပေးအပ်လိုက်ခြင်းဖြစ်သည်။

  • မိမိစိတ်ဆန္ဒအားဖြင့် ပူဇော်ရမည့်နေရာတွင် တိရစ္ဆာန်တစ်ကောင်အား ပူဇော်လိုက်လျှင် ထိုအကောင်သည် သင့်ခံရမည့်အပြစ်အတွက် ကိုယ်စားခံပေးသောအရာဖြစ်ပေမည်။
  • ဣသရေလလူမျိုးများက ထိုပူဇော်ခံရသောတိရစ္ဆာန်အကောင်တို့၏အသားတစ်ချို့ကို အောင်ပွဲခံသည့်အနေဖြင့်စားခဲ့ကြသည်။
  • မိမိစိတ်ဆန္ဒကို ပူဇော်ပေးအပ်လိုက်သည့်အချိန်တွင် ထိုအရာသည် ဣသရေလလူမျိုးများအတွက် ဝမ်းမြောက်ဖွယ်ရာဖြစ်ပေသည်။ ထိုအရာသည် ကောက်ရိတ်သိမ်းပွဲတွင် အကောင်းဆုံးသော အရာများကိုပူဇော်ခြင်းအားဖြင့် လတ်ဆတ်သောအသီးအပွင့်များဝေဆာရန်ဖြစ်သည်။
  • ဧဇရမှတ်စာထဲတွင် မိမိစိတ်ဆန္ဒပူဇော်ခြင်းကို ကွဲပြားစွာ ဖော်ပြထားပြီး ထိုအရာသည် ဗိမာန်တော်ကို ပြန်လည်တည်ဆောက်ဖို့အတွက်ဖြစ်သည်။ ထိုပူဇော်ခြင်းထဲတွင် ရွှေ၊ ငွေ အခြားခြားသော အရာဝတ္ထုများလည်းပါဝင်သည်။