my_tw/bible/other/fornication.md

2.8 KiB

အကျင့်စာရိတ္တပျက်ပြားသော ရာဂရမ္မက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အကျင့်စာရိတ္တပျက်ပြားသော ရာဂရမ္မက်" ဟူသော စကားလုံးသည် အမျိုးသားနှင့် အမျိုးသမီးတို့၏ ပြင်ပလက္ခဏတစ်ရပ်ဖြစ်သော ထိမ်းမြားခြင်းမရှိဘဲ လိင်ဆက်ဆံခြင်းမျိုးကို ရည်ညွန်းခြင်းဖြစ်သည်။ ဤအရာသည် ဘုရားသခင်၏ အကြံအစည်တော်ကို ဆန့်ကျင်သည်။ ယခင်မူရင်းကျမ်းစာများထဲတွင် "ကာမေသုလွန်ကျူးခြင်း" ဟုခေါ်သည်။

  • ဤစကားလုံးသည် လိင်ပိုင်းဆိုင်ရာနှင့်စပ်ဆိုင်၍ ဘုရားသခင်၏အလိုတော်နှင့် မမှန်ကန်သောဆန်ကျင့်ပြုမူခြင်းဖြစ်သည့် လိင်တူဆက်ဆံခြင်းမျိုးနှင့် အပြာစာပေ၊ ရုပ်ရှင်များကို ကြည့်ရှုးခြင်းမျိုးတို့ ပါဝင်သည်။
  • အခြားပုံစံတစ်မျိုးအနေဖြင့် အကျင့်စာရိတ္တပျက်ပြားသောရာဂရမ္မက် သည် အိမ်ထောင်ရေးဖောက်ပြန်ခြင်းကို ဆိုရပေမည်။ အထူးသဖြင့် လက်ထပ်ပြီးသောသူနှင့် သူ၏ခင်ပွန်းမဟုတ်သောသူနှင့် လိင်ဆက်ဆံခြင်းမျိုးလည်းဖြစ်သည်။
  • အခြားသောအခေါ်အဝေါ်တစ်မျိုးမှာ "ပြည်တန်ဆာ" ဖြစ်သည်။ ဤအရာသည် သူ၏ဘဝကို အခြားသူများထံသို့ရောင်းစားလိုက်ခြင်းဖြစ်သည်။
  • အခြားသော အရာတစ်ခုမှာ ဣသရေလလူမျိုးတို့ အခြားသောဘုရားများကို ကိုးကွယ်ကြသည့်အချိန်တွင် ဘုရားသခင်ထံသို့ ယုံကြည်မှုပျက်ပြားခြင်းကို ရည်ညွန်းသည်။