my_tw/bible/other/fig.md

2.6 KiB

သဖန်းသီး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သဖန်းသီးသည် သေးငယ်၍ နူးညံ့ပြီး ချိုမြိန်ပြီး အပင်၌တွယ်၍ကြီးပြင်းအသီးဖြစ်သည်။ အသီးမှည့်သောအခါ အသီးသည် အညိုရောင်၊ အဝါရောင်နှင့် ခရမ်းနုရောင် များကဲ့သို့အရောင်မျိုးစုံရှိသည်။

  • သဖန်းပင်သည် ၆ မီတာအမြင့်ထိရှည်ပြီး၊ ကြီးမားသော အရွက်များသည် သာယာသောအရိပ်ကို ဖန်တီးပေးသည်။ ထိုသဖန်းသီးသည်လည်း ၃-၅ စင်တီမီတာခန့်ရှည်လျားသည်။
  • အာဒံနှင့် ဧဝအပြစ်ထဲသို့ ကျရောက်ပြီးချိန်တွင် သူတို့၏အရှက်ကို ကာကွယ်ရန် ထိုသဖန်းရွက်များကို အဝတ်ကဲ့သို့ အသုံးပြုကြသည်။
  • သဖန်းသီးများကို ချက်ပြုတ်ကာ စားသုံး၍လည်းရသည်။ တစ်ချို့သောသူများက ယင်းအသီးများကို အပိုင်းပိုင်းခုတ်ဖြတ်ကာ ကိတ်မုန့်အဖြစ်ဖိသိပ်၍ နောက်၌စားသုံးကြ၏။
  • သမ္မာကျမ်းစာအချိန်အခါ၌ သဖန်းပင်သည် အဓိကအစားအစာနှင့် ဝင်ငွေပင်ဖြစ်သည်။
  • ယခုမျက်မှောက်ခေတ်အချိန်တွင် သဖန်းပင်၏အသီးများကို သမ္မာကျမ်းစာ၌ အောင်မြင်ခြင်းလက္ခဏာတစ်ခုအနေဖြင့် ဖော်ပြထားသည်။
  • ယေရူခရစ်တော်သည် သဖန်းပင်ကို သူ၏တပည့်တော်များ၏ ဝိညာဉ်ရေးရာအမှန်တရားကို မြင်သာမှုရှိစေရန် ထိုသဖန်းပင်ကို အကြိမ်များစွာ အသုံးပြုထားသည်။