my_tw/bible/other/enslave.md

3.3 KiB

ကျွန်ခံရခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တစုံတယောက်ကို ကျွန်ခံစေခြင်းဆိုသည်မှာ သခင်တယောက် (သို့) အုပ်ချုပ်သူတဦးကို အစေခံရန် အတင်းအကြပ်ပြုခြင်းဖြစ်သည်။ ကျွန်ခံစေခြင်း (သို့) ချုပ်နှောင်ခံစေခြင်းမှာ တစုံတခု (သို့) တစုံတယောက်၏ ထိန်းချုပ်မှုအောက်တွင် ရှိနေစေခြင်းကို ဆိုလိုသည်။

  • ကျွန်ခံနေရသော (သို့) ချုပ်နှောင်မှုခံရသောသူသည် အခကြေးငွေမရဘဲ တခြားသူတယောက်ကို အစေခံရခြင်းဖြစ်ပြီး သူလုပ်ချင်ရာကို လွတ်လပ်စွာ မလုပ်နိုင်ပါ။
  • ကျွန်ခံစေခြင်းဆိုသည်မှာ လူတဦး၏ လွတ်လပ်ခွင့်ကို ပိတ်ပင်လိုက်ခြင်းဖြစ်သည်။
  • ချုပ်နှောင်ခြင်း ၏ နောက်စကားလုံးမှာ ကျွန်ဘဝရောက်သွားခြင်း ဖြစ်သည်။
  • ပုံဖော်ပြရလျှင် လူအပေါင်းတို့သည် အပြစ်၏ကျွန်အဖြစ်သို့ ရောက်ရှိသွားခဲ့သည်မှာ ယေရှုခရစ်က အပြစ်၏ထိန်းချုပ်မှုနှင့် တန်ခိုးမှ လွတ်မြောက်စေသည့်တိုင်အောင်ဖြစ်သည်။
  • ခရစ်တော်၌ အသက်တာသစ်ကို လက်ခံရရှိသူသည် အပြစ်၏ကျွန်အဖြစ်မှ ရပ်တန့်သွားပြီး ဖြောင့်မတ်ခြင်းတရား၏ ကျွန်ဖြစ်လာသည်။

ဘာသာပြန်အကြံပြုချက်များ

  • ကျွန်ဘဝရောက်ခြင်း ဆိုသည့် ဝေါဟာရကို လွတ်လပ်မှုမရှိစေခြင်း (သို့) အတင်းအကြပ်အစေခံစေခြင်း (သို့) အခြားသူများ၏ ထိန်းချုပ်မှုအောက်၌ ထားခြင်း ဟု ပြန်ဆိုနိုင်ပါသည်။
  • ကျွန်ဖြစ်စေခြင်း (သို့) ချုပ်နှောင်မှုထဲသို့ ဟူသော စကားစုများကို အတင်းအကြပ် ကျွန်ဖြစ်စေခြင်း (သို့) အတင်းအကြပ်အစေခံစေခြင်း (သို့) ထိန်းချုပ်မှုအောက်သို့ ဟူ၍ ပြန်ဆိုနိုင်ပါသည်။