my_tw/bible/other/elder.md

2.3 KiB

လုပ်ဘော်ဆောင်ဘက်၊ တမန်တော်၊ သင်းအုပ်၊ သင်းထောက်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သင်းထောက်များသည် ဝိညာဉ်ရေးရာ၌ ရင့်ကျက်သော အမျိုးသားများဖြစ်ပြီး ဘုရားသခင်၏ လူများကို ဝိညာဉ်ရေးရာ၌ ဦးဆောင်ပေးရသော တာဝန်ရှိသောသူများဖြစ်သည်။

  • သင်းထောက်၊ အသင်းလူကြီးများဟု သုံးနှုံးရခြင်းမှာလည်း သူတို့၏ အသက်အရွယ်ကြီးရင့်မှု၊ အတွေ့အကြုံ၊ ဉာဏ်ပညာရှိခြင်းများကြောင့်ဖြစ်သည်။
  • ဓမ္မဟောင်းကျမ်း၌ မောရှေ၏ ပညတ်နှင့် လူမှုရေးဆိုင်ရာ တရားစီရင်ခြင်းများ၌ အသက်ကြီးသူများက ကူညီရသည်။
  • ဓမ္မသစ်ကျမ်း၌ ယုဒအသက်ကြီးသူ အကြီးအကဲများက သူတို့၏ အသိုင်းအဝိုင်းတွင် ခေါင်းဆောင်လုပ်ရပြီး တရားသူကြီးများလည်း ဖြစ်ကြသည်။
  • ကနဦးအသင်းတော်များ၌ သင်းထောက်များက သူတို့၏ ဒေသခံ ယုံကြည်သူလူစုများကို ဝိညာဉ်ရေးရာဦးဆောင်ရသည်။
  • အသင်းတော်များ၌ ရင့်ကျက်မှုရှိသောလူငယ်များလည်း သင်းထောက်နေရာ၌ ပါဝင်ကြသည်။
  • အသက်ကြီးသော အမျိုးသားများ၊ ဝိညာဉ်ရေးရာရင့်ကျက်ပြီး အသင်းတော်ကို ဦးဆောင်သူများကိုလည်း ခေါ်ဆိုသည်။