my_tw/bible/other/earth.md

2.6 KiB

မြေကြီး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

မြေကြီးသည် အသက်ရှိသောအရာအားလုံးနှင့် အသက်ရှိသော လူသားတို့နေထိုင်ရာလောကကို ဆိုလိုသည်။

  • နယ်မြေဒေသ တခုကို ဖုံးအုပ်ထားသော မြေကိုလည်း ဆိုလိုသည်။
  • မြေကြီးပေါ်တွင် နေထိုင်သောလူကိုလဲ မြေ၊ မြေမှုန့်ဟူ၍ ပုံဆောင်ချက်ပြု၍ သုံးနှုံးတတ်သည်။
  • မြေကြီးဝမ်းမြောက်စေ ဆိုသောစကားနှင့်သူသည် မြေကြီးကို တရားစီရင်လိမ့်မည်ဆိုသော စကားစုများသည် ပုံဆောင်ချက်နှင့် ရေးထားသောစကားများဖြစ်သည်။
  • ရုပ်ပိုင်းဆိုင်ရာနှင့် ဝိညာဉ်ပိုင်းဆိုင်ရာ ခြားနားမှုကို ရည်ညွှန်းရာ၌လည်း အသုံးပြုသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားလုံးကို ဒေသခံစကားလုံး (သို့) စကားစုအားဖြင့် ကျွန်ုပ်တို့နေထိုင်ရာ ကမ္ဘာမြေဂြိုဟ်ဟုလည်း အသုံးပြုကြသည်။
  • သုံးနှုံးသည့်အခြေအနေပေါ်မူတည်၍ မြေကြီးကို လောက၊ မြေ၊ မြေစာ၊ မြေဆီလွှာ ဟူ၍လည်း သုံးကြသည်။
  • မြေပေါ်မှာနေထိုင်သူများ၊ မြေကြီးပေါ်ရှိသက်ရှိလူများ၊ မြေကြီးပေါ်ကရှိသမျှအရာအားလုံး ဟူ၍လည်း သုံးနှုံးကြသည်။
  • ရုပ်ပိုင်းဆိုင်ရာ (သို့) မြေကြီးပေါ်ရှိ အရာများအားလုံး (သို့) မြင်ရသောအရာများကိုလည်း မြေကြီးအရာများဟူ၍ သုံးနှုံးတတ်ကြသည်။