my_tw/bible/other/eagle.md

2.3 KiB

ရွှေလင်းတ၊ ရွှေလင်းယုန်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

(ဆရာယုဒသန်က ရွှေလင်းတဟု ပြန်ဆိုထားပြီး ယနေ့ခေတ်တွင် ရွှေလင်းယုန်ဟု ပြန်ဆိုပါသည်) ရွှေလင်းယုန်သည် အလွန်ကြီးမားပြီး သေးငယ်သော တိရိစ္ဆာန်များဖြစ်သည့် ပုရွက်ဆိတ်၊ ငါး၊ ကြွက်၊ မြွေနှင့် ကြက်ကလေးများကို သားကောင်အဖြစ် ဖမ်းစားနိုင်သည့် ခွန်အားရှိသော ငှက်ဖြစ်သည်။

  • သမ္မာကျမ်းစာ၌ စစ်တပ်တခု၏ အရှိန်မည်မျှလျှင်မြန်ခြင်းနှင့် ခွန်အားကြီးခြင်းကို ရွှေလင်းယုန်၏ သားကောင်ကို အရှိန်ဖြင့် ထိုးဆင်းဖမ်းယူခြင်းနှင့် နှိုင်းယှဉ်ရေးထားသည်။
  • ဟေရှာယကလည်း သခင်ဘုရားကို စိတ်ချအားကိုးသူတို့သည် ရွှေလင်းယုန်ကဲ့သို့ ပျံဝဲနိုင်မည်ဟု ဆိုသည်။ ဘုရားသခင်ကို စိတ်ချအားကိုးခြင်းနှင့် နာခံခြင်းမှ ရရှိသောလွတ်လပ်ခြင်းနှင့် ခွန်အားကို ဤပုံဆောင်ချက်စကားဖြင့် ဖော်ပြလေ့ရှိကြသည်။
  • ဒံယေလကျမ်း၌ နေဗုဒ်ခနေဇာဘုရင်၏ ဆံပင်အရှည်ကို ၅၀ စင်တီမီတာ ရှည်သည့် ရွှေလင်းယုန်၏ အတောင်ပံနှင့် နှိုင်းယှဉ်ထားသည်။