my_tw/bible/other/disperse.md

3.0 KiB

အရပ်မျက်နှာအနှံပျံ့နှံခြင်း၊ အရပ်မျက်နှာအနှံ့ ပျံနှံ့မှု

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အရပ်မျက်နှာအနှံ့ပျံ့နှံခြင်း" နှင့် "အရပ်မျက်နှာအနှံ့ပျံ့နှံမှု" ဆိုသည်မှာ လူအများ အရပ်မျက်နှာ အနှံ့အပြားသို့ ကွဲပြားသွားစေရန် ပြုလုပ်ခြင်းကို ဆိုလိုသည်။

  • ဓမ္မဟောင်းကျင်းတွင်၊ ထာဝရဘုရားမှ လူအများကို 'အရပ်ရပ်သို့သွားစေခြင်း၊ လူတစ်ဦးနှင့်တစ်ဦး ကွဲပြား မတူညီ နေရာသို့ရောက်ရှိနေထိုင်ရန်အတွက် အရပ်မျက်နှာအနှံ ကွဲပြားစေခြင်းကို ဆိုလိုသည်။ လူတို့၏အပြစ်အတွက် အပြစ်ပေးခြင်းအနေဖြင့် ကွဲပြားစေခြင်းဖြစ်သည်။ လူများ နောင်တရ၍ ဘုရားသခင်ကို တဖန် ပြန်လည်၀တ်ပြုကိုးကွယ်လာစေရန် ထိုသို့ ကွဲပြားစေခြင်းဖြစ်သည်။
  • ဓမ္မသစ်ကျမ်းတွင် ခရစ်တော်၏နောက်လိုက်များသည် ခရစ်ယာန်များအားသုတ်သင်ရှင်းလင်းခြင်းမှ လွတ်မြောက်စေရန် မိမိတို့အိမ်မှ စွန့်ခွါ၍ အခြားသောနေရာအသီးသီးသို့ သွားရောက်နေထိုင် ဖြစ်သည်။
  • "အရပ်မျက်နှာအနှံ့ပျံနှံမှု"ကို "ယုံကြည်သူများအခြားသောနေရာသို့ရွှေ့ပြောင်းနေထိုင်မှု" သို့မဟုတ် "အခြားသောနိုင်ငံများသို့သွားရောက်နေထိုင်မှု"ဟု ခေါ်သည်။
  • "အခြားသောနေရာများသို့ပို့ဆောင်ခြင်း' သို့မဟုတ် "နိုင်ငံအရပ်ရပ်သို့လူစုခွဲခြင်း" သို့မဟုတ် 'အခြားသောနိုင်ငံတွင် ရွေ့ပြောင်းနေထိုင်စေခြင်း" ကို "အရပ်မျက်နှာအနှံပျံနှံခြင်း" ဟု ခေါ်သည်။