my_tw/bible/other/dishonor.md

3.3 KiB

အသရေရှုတ်ချခြင်း၊ ရှက်ကြောက်ဖွယ်ကောင်းသော

အသုံးအနှုန်းများ၏အဓိပ္ပါယ်

'အသရေရှုတ်ချခြင်း' ဆိုသည်မှာ လူတစ်ဦးကို ရိုသေလေးစားမှု ကင်းမဲ့စေရန်အတွက် ပြုမူလုပ်ဆောင်ခြင်းကိုခေါ်သည်။

  • 'အသရေရှတ်ချခြင်း' ဆိုသည်မှာ အရှက်ရစေရန် ပြုလုပ်ခြင်း သို့မဟုတ် ဂုဏ်အသရေမဲ့အောင် ပြုလုပ်ခြင်းဖြစ်ပါသည်။
  • တစ်ခါတရံ တွင် တစ်စုံတစ်ယောက်ကို အသုံးမ၀င်အောင်၊ အသုံး၍ မရအောင်ပြုလုပ်ခြင်းသည်လည်း ''ရှက်ကြောက်ဖွယ်ကောင်းသော' အသရေရှုတ်ချခြင်း ဖြစ်ပါသည်။
  • သားသမီးများကို မိဘကို ရိုသေလေးစားရန် သွန်သင်ဆုံးမရပါမည်။ သားသမီးများ မိဘ၏ဆုံးမခြင်းကို မခံယူပါက မိဘများ အရှက်ရစေသည်။ မိဘကိုလည်း မရိုမသေမလေးမစား ဆက်ဆံလာမည် ဖြစ်သည်။
  • ထာ၀ရဘုရားအပေါ် သစ္စာမရှိခြင်းနှင့် အခြားသောဘုရားများကို ကိုးကွယ်ခြင်း ဖြင့် ဣသရေလလူမျိုးများက ထာဝရဘုရားကို အသရေရှုတ်ချခြင်း ဖြစ်ပေါ်စေသည်။
  • ဂျူးလူမျိုးများက သခင်ယေရှအား မကောင်းသောနတ်ဆိုးဟု ပြောဆိုခြင်းဖြင့် အသရေရှုတ်ချခဲ့ပါသည်။
  • ထိုစကားကို "ဂုဏ်အသရေမဲ့စေခြင်း" သို့မဟုတ် 'လေးစားမှုကင်းမဲ့စေရန် ပြုလုပ်ခြင်း' ဟု ခေါ်ဆိုနိုင်သည်။
  • နာမ် အားဖြင့် 'အသရေရှုတ်ချသူ' ကို 'လေးစားမှုမရှိသူ' သို့မဟုတ် 'ဂုဏ်သိက္ခာမရှိသူ'ဟု ခေါ်ဆိုနိုင်သည်။
  • ရေခံမြေခံသဘောအရ 'ရှက်ကြောက်ဖွယ်ကောင်းသော' ကို 'ဂုဏ်သိက္ခာမဲ့သော' သို့မဟုတ် 'ရှက်စရာကောင်းသော' သို့မဟုတ် 'မလုပ်သင့်မလုပ်ထိုက်သော" သို့မဟုတ် 'တန်ဖိုးမဲ့စေသော' ဟု ခေါ်ဆိုနိုင်သည်။