my_tw/bible/other/destroyer.md

1.7 KiB

ဖျက်ဆီးသူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဖျက်ဆီးသူကို တိုက်ရိုက်ပြောရလျှင် 'ပျက်စီးအောင်လုပ်တဲ့လူ' ဖြစ်ပါတယ်

  • ဖျက်ဆီးခြင်းကို ဓမ္မဟောင်းကျမ်း၌ ကျုးကျော်လာသော ရန်သူများကို ပျက်ဆီးအောင် ဖျက်ဆီးတဲ့သူဟု ဖော်ပြြပါသည်။
  • အီဂျစ်နိုင်ငံတွင် သားဦးကို သတ်ရန် ဘုရားသခင်သည် ကောင်းကင်တမန်ကို စေလွှတ်ခဲ့သည်။ ထို့​ကြောင့် ကောင်းကင်တမန်သည် သားဦးကို ဖျက်ဆီးခဲ့သည်။ သားဦးကိုသတ်ခဲ့သော ကောင်းကင်တမန် သို့မဟုတ် ကောင်းကင်တမန်များကို ဖျက်ဆီးသူဟု ခေါ်နိုင်သည်။
  • ဗျာဒိတ်ကျမ်းတွင် စာတန် သို့မဟုတ် နတ်ဆိုးများကို 'ဖျက်ဆီးသူ'ဟု ခေါ်ဆိုသည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်ဖန်ဆင်းထားသော အရာများကို ပျက်ဆီးအောင် ဖျက်ဆီးသောကြောင့် ဖြစ်သည်။