my_tw/bible/other/desolate.md

3.6 KiB

ယိုယွင်းပျက်စီးသည်၊ ယိုယွင်းပျက်စီးခြင်း။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ယိုယွင်းပျက်စီးသည်၊ ယိုယွင်းပျက်စီးခြင်း၊" ဆိုသည့်စကားလုံးသည် ဖျက်ဆီးနှောင့်ယှက်ခြင်းခံရ၍ ပိုင်ဆိုင်သူ ကင်းမဲ့သော ဒေသကို ခေါ်ဆို ခြင်း ဖြစ်ပါသည်။

  • လူတစ်ဦးတစ်ယောက်ကို ရည်ညွန်းပြီးပြောဆိုလိုခြင်းဖြစ်ပါက "ပူဆွေးသောကရောက်ပြီးစိတ်ပျက်နေခြင်း" ကို ဖော်ပြပေးပါသည်။
  • "ယိုယွင်းပျက်စီးခြင်း" စကားလုံးသည် ပျက်စီး ယိုယွင်းနေသော အခြေအနေကို ဖော်ပြ ပါသည်။
  • အသီးအနှံများစိုက်ပျိုးထားသော လယ်ယာမြေများ ပျက်စီးယိုယွင်းခြင်းသည် အင်ဆက်ပိုးများ၏ဖျက်ဆီးခံရခြင်း သို့မဟုတ် စစ်သားများဝင်ရောက်ဖျက်ဆီးခြင်းကို ဆိုလိုပါ သည်။
  • "ပျက်စီးနေသော နယ်မြေ" သည် လူသူအနည်းအကျဥ်းသာ နေထိုင်ပြီး သီးနှံများအနည်းအကျဥ်းသာ စိုက်ပျိုးနိင်သော ဒေသ ဖြစ် သည်။
  • "ယိုယွင်းပျက်စီးသော နယ်မြေ" သည် အနူရောဂါသည်များထားရှိသောနေရာ သို့မဟုတ် အန္တရယ်များသည့် တရိစ္ဆာန်များ ထားရှိသော နေရာမျိုးဖြစ်သည်။
  • "ပျက်စီးယိုယွင်းနေသောမြို့" ဟုဆိုရာတွင် ‌ယင်းမြို့တွင်နေထိုင်သောလူများသိမ်းပိုက်သတ်ဖြတ်ခြင်း ခံရပြီး၊ နေအိမ်နှင့် ပစ္စည်းများ လုယက်ဖျက်ဆီးခံရခြင်း ကို ဆိုလိုသည်။ ယင်းမြို့သည် လူသူမရှိ ပျက်စီးယိုယွင်းနေသည်။ "မွှေနှောက်ဖျက်ဆီးခံရခြင်း" ဟူ၍ လည်း သုံးနှုန်းနိင်သည့်အပြင် မည်သည့် အရာတစ်ခုမှမရှိ၊ ဟင်းလင်းဖြစ်နေသည် ဆိုသည့် အခြေအနေထက် ပိုမို လေးနက်သည်။
  • စကားလုံးသဏ္ဍန်ကို ကြည့်ခြင်းအားဖြင့် "ပျက်စီးသည်၊" "ဖျက်ဆီးခြင်းခံရသည်၊" "အလဟဿဖြစ်သည်၊" "အထီးကျန်ဖြစ်သည်၊" "ခြောက်သွေ့နေသည်" ဟု ဘာသာပြန်ဆိုနိင် ပါ သည်။