my_tw/bible/other/delight.md

3.6 KiB
Raw Permalink Blame History

ပျော်ရွင်ကြည်နူးခြင်း၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ပျော်ရွင်ကြည်နူးခြင်း" သည် လူတစ်ဦးတစ်ယောက်၏ ပျော်ရွှင်ဝမ်းမြောက်ခြင်း အကြောင်းကို ဖော်ပြခြင်းဖြစ်ပါသည်။

  • "ပျော်ရွင်ကြည်နူးခြင်း" သည်ပျော်ရွှင် ဝမ်းမြောက်ခြင်း သဘောကို ဆောင် ပါ သည်။
  • သဘောတူညီခြင်း၊ အားရကျေနပ်ခြင်း များကိုလည်း "ပျော်ရွင်ကြည်နူးခြင်း" ဟု ပြောလို့ရပါသည်။
  • လူတစ်ဦးကို "ပျော်ရွင်ကြည်နူးနေတယ်" လို့ပြောနိင်သလို" ဝမ်းသာအားရဖြစ်နေတယ်" ဟု ပြောလို့ရပါသည်။
  • ငါ၏ပျော်ရွင်ခြင်းသည် ယေဟူးဝေါ်ဘုရားရှင်ကြောင့်ဖြစ်သည် ဟု ဆိုရာတွင် "ထာဝရဘုရားသည်ငါ့ကို ပျော်ရွှင်ဝမ်းမြောက်စေသည်၊" ထာဝရဘုရား၏ ပညတ်တော်များနာခံခြင်းသည် ငါ၏ ပျော်ရွှင်ခြင်းဖြစ်သည်၊" "ထာဝရဘုရားရှင်၏ စကားတော်ကိုနားထောင်လျက် အကျွန်ုပ်‌ပျော်ရွှင်ခြင်းရှိပါ သည်" ဟု ဖော်ပြလို့ရပါ သည်။
  • "မပျော်ရွှင်ခြင်း၊" "ပျော်ရွှင်ကြည်နူးမှုမရှိခြင်း" ကို "မဝမ်းသာနိင်ခြင်း၊" "မကျနပ်နိင်ခြင်း၊" ဟု အဓိပ္ပါယ် ယူလို့ရပါသည်။
  • "သူပျော်ရွှင်ကြည်နူးနေသည်၊" ဆိုသည့် စကားစု သည် "သူ ပျော်ရွှင်စရာ တစ်ခုခု လုပ်ဆောင်နေသည်၊" "ဤအရာတွင်သူ တကယ်ဝမ်းသာနေပါသည်၊"ဟု အဓိပ္ပါယ် ယူလို့ရသည်။
  • "ပျော်ရွှင်ကြည်နူးခြင်း" သည် လူတစ်ဦး၏ ဝမ်းမြောက်ခြင်းကို ဖော်ပြသည်။ ယင်းကို"ပျော်ရွှင်မှုများ" သို့မဟုတ် " ပျော်ရွှင်ဖွယ်ရာများ"ဟု အဓိပ္ပါယ် ဖွင့်ဆိုလို့ရ သည်။"
  • "မင်းအလိုဆန္ဒအတိုင်းလုပ်ပေးချင်တယ်၊" ဟူသော စကားလုံး အစား "မင်းအလိုဆန္ဒအတိုင်းလုပ်ပေးနိုင်လို့ ပျော်ရွှင်ကြည်နူးပါသည်၊" သို့မဟုတ်"မင်းစကားကို ငါနားထောင်သည့်အတွက်ဝမ်းသာပါတယ်" ဟု ပြောလို့ရပါသည်။