my_tw/bible/other/decree.md

2.6 KiB

decree - အမိန့်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အမိန့်(ဒီကရီ)ဆိုသည်မှာ ဥပ‌ဒေနှင့်အညီ စီရင်ဆုံးဖြတ်ထားသောအရာ တစ်ခုခုကို လူအများသိရှိ နိင်ရန် ထုတ်ပြန်ခြင်း ဖြစ် သည်။

  • ဘုရားသခင်၏ပညတ်ချက်များကို"အမိန့်ဒီကရီ၊" သို့ဟုတ် "လွှတ်တော်မှ အတည်ပြုထားသည့်ဥပဒေများ၊"သို့မဟုတ် "စေခိုင်းချက်များ" ဟု ခေါ်ဆို ပါသည်။
  • ဥပဒေများနှင့် စေခိုင်းချက်များကို အမိန့်ဒီကရီကဲ့သို့ လိုက်နာ ဆောင်ရွက် ရသည်။
  • ဥပမာအနေဖြင့် ဖော်ပြရမည်ဆိုလျှင် ရောမအင်ပါယာကိုအုပ်ချုပ်သူ ဆီဇာဘုရင် သြဂုတ်သသည် ‌ရောမအင်ပါယာအတွင်းတွင်မှီတင်းနေထိုင်ကြသောသူများအားလုံး သန်ခေါင်စာရင်းကောက်ရန်အတွက် မိမိတို့မူလနေထိုင်ရာမြို့အသီသီးသို့ ပြန်သွားကြရန် အမိန့်ထုတ်ပြန်ခြင်းများကို ဆိုလိုသည်။
  • "အမိန့်" သည် မဖြစ်မနေ လိုက်နာ ရမည့် ထုတ်ပြန်ချက်များ ကို ဆိုလိုသည်။"ညွန်ကြားခြင်း၊" "ခိုင်းစေခြင်း၊" "တရားဝင်တောင်းဆိုခြင်း၊" "ဥပဒေ ထုတ်ပြန်ခြင်း၊"ဟူ၍လည်း ခေါ်ဆိုလို့ရပါ သည်။
  • "အမိန့်ချခြင်း"သည် "သေချာပေါက် ဖြစ်လာမည့်အရာ၊" "နောက်နောင်ပြောင်းလဲခြင်းမရှိတော့သည့်အရာ၊" သို့မဟုတ်"အမှန်တကယ်ဖြစ်ပေါ်လာမည့်အရာ"ဟူ၍လည်း အဓိပ္ပါယ်ဖွင့်ဆိုနိင် ပါသည်။