my_tw/bible/other/declare.md

3.0 KiB

ကြေညာ၊ ကြေညာခြင်း၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ကြေညာ"၊ သို့မဟုတ် "ကြေညာခြင်း" ဆိုသည့် စကာားလုံးသည် အကြောင်းအရာ တစ်ခုခုကို လူထုသိစေရန်အတွက် တရားဝင်လုပ်ဆောင်ခြင်းဟု အဓိပ္ပါယ် ရပါသည်။

  • "ကြေညာခြင်း" သည် အကြောင်းအရာ တစ်ခုခုကို လူထုသိရှိစေရန် လုပ်ဆောင်ခြင်း တင်မက လူထုက အာရုံစူးစိုက် လုပ်ဆောင်ရမည့် အကြောင်းအရာများကို သိရှိစေခြင်း ဖြစ်သည်။
  • ဥပမာအားဖြင့်၊ ဓမ္မဟောင်းခေတ်ကာလတွင် ဘုရားသခင်ဆီမှလာသော ကြေညာချက် များကို "ဘုရားသခင် မိန့်တော်မူသည်၊" "ဘုရားသခင်မိန့်တော်မူသည်ကား၊" ဟူသည့်စကားလုံးများ သုံးနူန်းထားပါသည်။ ဘုရားရှင်ကိုယ်တိုင် ဤသို့ သုံးစွဲထားပါ သည်။ အကြောင်းမှာ ဘုရားသခင်ဆီမှလာသော အမိန့်တိုင်းသည် မဖြစ်မနေ လိုက်နာရမည့် အကြောင်းအရာသည် ဖြစ််သည် ဟူသောအရာကို သိသာနေပါသည်။

ဘာသာပြန် အကြံပြုချက်။

  • "ကြေညာ၊"ဟူသည့်စကားလုံး၏အဓိကဆိုလိုရင်းမှာ"ဖော်ပြသည်၊" "ဝေမျှသည်၊" "တိကျစွာ ပြောဆိုသည်၊" "ထိရောက်စွာ ဆောင်ရွက်သည်၊" ဟု အဓိပ္ပါယ်ရပါသည်။
  • "ကြေညာခြင်း၊" ဟူသည့်စကားလုံးကို "ထုတ်ပြန်ချက်၊" "ကြေညာချက်၊"ဟူ၍လည်း အဓိပ္ပါယ် ဖွင့်ဆိုနိင်ပါသည်။
  • "ယေဟောဝါဘုရား မိန်.တော်မူသည်ကား," ဆိုသည့် စကားလုံးကို "ယေဟောဝါဘုရားဖော်ပြထားသည်၊" "ယေဟောဝါဘုရားမိန့်တော်မူသည်ကား၊" "ယေဟောဝါဘုရားမိန့်တော်မူခဲ့သည်၊"စသည်ဖြင့် အနက်ဖွင့်ဆိုနိင် ပါ သည်။