my_tw/bible/other/counselor.md

2.3 KiB

အကြံပေးခြင်း၊ အကြံပေးသူ၊

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"အကြံပေးခြင်း၊ အကြံပေးသူ"၊ ဤစကားနှစ်ခုသည် တူညီသောအဓိပ္ပာယ်ရှိပြီး သူတစ်ပါးကိုကူညီခြင်း၊ မည်ကဲ့သို့လုပ်ဆောင်ရန် ပညာရှိစွာ လမ်းညွှန်ခြင်းဖြစ်သည်။ ပညာရှိသောသူသည် သူတစ်ပါးအတွက် လမ်းမှန်ဖြစ်ရန်အကြံပေးလမ်းညွှန်သောသူဖြစ်သည်။

  • ဘုရင်များတွင် အကြံပေးသူများရှိပြီး ထိုသူများကတိုင်းသူပြည်သားများအပေါ်အကျိုးဆက်သက်ရောက်မှုရှိအောင် အရေးကြီးကိစ္စများကိုဆုံးဖြတ်ရန် ထိုသူတို့၏အကြံဉာဏ်ဖြင့် ကူညီပေးသည်။
  • တစ်ခါတစ်ရံ အကြံပေးမှုများသည် မကောင်းပေ။ ဆိုးယုတ်သောအကြံပေးများက တိုင်းသူပြည်သားများ ဒုက္ခဖြစ်စေမည့်အကြံများကိုပေးလေ့ရှိသည်။
  • အခြေအနေပေါ်မူတည်ပြီး "ဆုံးဖြတ်ချက်ချရန်ကူညီခြင်း၊ သတိပေးခြင်း၊ ချီးမြောက်ခြင်း၊ လမ်းပြခြင်း" စသည်ဖြင့်ဘာသာပြန်ဆိုနိုင်သည်။
  • "အကြံပေးခြင်း၊ တစ်ခုခုလုပ်ရန်အကြံညာဏ်ပေးခြင်း" ဟုလည်း ပြန်ဆိုနိုင်သည်။
  • "အကြံပေးခြင်းနှင့် ကောင်စီ" သည် မတူညီသောစကားလုံးဖြစ်သည်ကို သတိထားရမည်။