my_tw/bible/other/council.md

2.8 KiB

ကောင်စီ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကောင်စီဆိုသည်မှာ အရေးကြီးကိစ္စတစ်ခုကို ဆွေးနွေးရန်၊ အကြံပေးရန်၊ ဆုံးဖြတ်ချက်ချရန် တွေ့ဆုံဆွေးနွေးသော အဖွဲ့ဖြစ်သည်။

  • ကောင်စီဆိုသည်မှာ တရားဝင်ကိစ္စများတိကျသောရည်ရွယ်ချက်များ အတွက် ဆုံးဖြတ်ရန်၊သဘောတူရန်ဖွဲ့စည်းထားသော အဖွဲ့အစည်းတစ်ခုဖြစ်သည်။
  • ယေရုရှလင်မြို့ရှိ ယေရုရှလင်ကောင်စီ ဆင်ဟီဒရင် တွင် အဖွဲ့ဝင် (၇ဝ) ဦးရှိပြီး ယုဒခေါင်းဆောင်များဖြစ်သော ယဇ်ပုရောဟိတ်မင်း၊ သက်ကြီးဝါကြီးများ၊ ကျမ်းတတ်ပုဂ္ဂိုလ်များ၊ ဖာရှိရှဲများ၊ ဇာဒုက္ကဲများဖြစ်ပြီး ယုဒဥပဒေများကိုဆုံးဖြတ်ရန် တွေ့ဆုံလေ့ရှိသည်။ ယေရှုကိစ္စကို ဆင်ခြင်ဆုံးဖြတ်ပြီးသေဒဏ်ပေးသည့်အဖွဲ့မှာလည်း ထိုအဖွဲ့ဖြစ်သည်။
  • အခြားမြို့များတွင်လည်း ယုဒလူမျိုးများ၏ ကောင်စီငယ်လေးများလည်းရှိသည်။
  • ဧဝံဂေလိတရားဟောသော တမန်တော်ပေါလုသည်လည်း ရောမကောင်စီသို့ဖမ်းဆီးပို့ဆောင်ခြင်း ခံခဲ့ရသည်။
  • ရေခံမြေခံအပေါ်မူတည်ပြီး ကောင်စီကို လူစုလူဝေး၊ နိုင်ငံရေးအစုအဖွဲ့ဟု ပြန်ဆိုနိုင်သည်။
  • ကောင်စီတွင်ရှိခြင်း ဆိုသည်မှာ တစ်ခုခုကိုဆုံးဖြတ်ရန်အထူးအစည်းအဝေးတွင် ရှိနေခြင်းကို ဆိုလိုပါသည်။
  • အကြံပေးသော စကားလုံးနှင့်မတူကြောင်း သိထားရန်လိုသည်။