my_tw/bible/other/consume.md

3.0 KiB

စားသုံးသည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားလုံး သည်တစ်ခုခုကိုအသုံးပြုခြင်းဖြစ်သည်။ ပုံပမာဆောင်သောအဓိပ္ပာယ်များစွာရှိသည်။

  • ကျမ်းစာထဲတွင် ဤစကားလုံးသည် "လူ၊ အရာဝတ္ထုများ" စသည်တို့ကို ဖျက်ဆီးခြင်းအဓိပ္ပာယ်ရှိသည်။
  • မီးသည်တစ်စုံကို လောင်ကျွမ်းစေသောအရာဖြစ်ပြီး ဆိုလိုသည်မှာ လောင်ကျွမ်းစေခြင်းအားဖြင့် ပျက်ဆီးစေခြင်းဖြစ်သည်။
  • ဘုရားကို လောင်ကျွမ်းစေသော မီးအနေဖြင့်ဖော်ပြပြီး၊ အပြစ်ကိုမုန်းတီးဝါးမျိုခြင်းကြောင့် နောင်တမရသောအပြစ်သားများကို ပြင်းထန်စွာအပြစ်ပေးတတ်သည်။
  • အစာစားသုံးခြင်းကိုလည်း ထိုကဲ့သို့အသုံးပြုနိုင်သည်။
  • နယ်မြေကိုဝါးမျို သည်ဟူသောအဓိပ္ပါယ်မှာ နယ်မြေတစ်ခုကိုဖျက်စီးလိုက်ခြင်းဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • လူမျိုး၊နယ်မြေကို ဝါးမျိုဖျက်စီးရာတွင် ဤစကားကိုအသုံးပြုနိုင်သည်။
  • မီးလောင်သည်ကိုလည်း ဤစကားဖြင့်ဖော်ပြနိုင်သည်။
  • မောရှေတွေ့သော မီးစွဲသောချုံပုပ်မှာ မီးလောင်သွားခြင်းမဟုတ်ဘဲ မီးမလောင်နိုင်ခြင်းဖြစ်သည်။
  • အစာစားသုံးရာတွင် ဤစကားကို အသုံးပြုနိုင်သည်။
  • တစ်စုံတစ်ယောက်၏ စွမ်းအားကုန်သွားခြင်း၊ မရှိတော့ခြင်းတွင်လည်း ဤစကားလုံးကိုအသုံးပြုနိုင်သည်။
  • ဘုရားသခင်သည် လောင်ကျွမ်းခြင်း၊ ဘုရား၏ဒေါသသည် အပြစ်သားများကို မီးဖြင့်ဖျက်စီးခြင်းဖြစ်သည် ဟုလည်းဘာသာပြန်ဆိုနိုင်သည်။