my_tw/bible/other/commander.md

1.5 KiB

တပ်မှူး၊ အမိန့်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တပ်မှူးဆိုသည်မှာ စစ်သားအုပ်စုတစ်ခုကို ဦးဆောင်အမိန့်ပေးရသော ခေါင်းဆောင်ဖြစ်ပါသည်။

  • စစ်တပ်ကို "အမိန့်ပေးခြင်း" ဆိုသည်မှာ စစ်တပ်ကိုဦးဆောင်ခြင်းဖြစ်သည်။
  • တပ်မှူးသည် စစ်သားအုပ်စုငယ် ကိုဖြစ်စေ လူတစ်ထောင်ပါဝင်သောအုပ်စုကြီးကို ဖြစ်စေအုပ်ချုပ်လေ့ရှိသည်။
  • ထာဝရဘုရားသည် ကောင်းကင်တမန်စစ်သည်များကို အမိန့်ပေးသော တပ်မှူးအဖြစ်လည်းသုံးနှုန်းလေ့ရှိသည်။
  • တပ်မှူးကို ခေါင်းဆောင်၊ ကပ္ပတိန်၊ အရာရှိဟုလည်း ဘာသာပြန်ဆိုနိုင်သည်။
  • "အမိန့်ပေးသည်" ဆိုသောစကားမှာ စစ်တပ်ကို "ဦးဆောင်သည်"၊ "ကွပ်ကဲသည်"ဟု အဓိပ္ပာယ်ရှိပါသည်။