my_tw/bible/other/comfort.md

2.5 KiB

နှစ်သိမ့်သည်၊ နှစ်သိမ့်သူ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

နှစ်သိမ့်သည်၊ နှစ်သိမ့်သူ ဟူသောစကားသည် ကိုယ်ခန္ဓာ၊ စိတ်ပိုင်းဆိုင်ရာ နာကျင်သူအားကူညီပေးခြင်းဖြစ်သည်။

  • တစ်စုံတစ်ယောက်ကို နှစ်သိမ့်ပေးသူအား နှစ်သိမ့်သူဟုခေါ်ဆိုသည်။
  • ဓမ္မဟောင်းကျမ်းတွင် ဘုရားသခင်သည် မိမိလူတို့အား မည်မျှချစ်ပြီး ဒုက္ခရောက်ချိန်တွင် မည်မျှကူညီကြောင်းကိုဖော်ပြထားသည်။
  • ဓမ္မသစ်ကျမ်းတွင် ဘုရားသခင်သည် မိမိလူတို့ကို သန့်ရှင်းသောဝိညာဉ်တော်အားဖြင့်သက်သာစေမည်ဟုပြောကြားထားသည်။ ထိုသက်သာခြင်းကိုရရှိသူသည် အခြားသူများကိုလည်း သက်သာခြင်းကိုပေးစွမ်းနိုင်မည်ဖြစ်သည်။
  • ဣသရေလ၏နှစ်သိမ့်သူ ဟူသောစကားမှာ မိမိလူတို့ကိုကယ်တင်မည့် မေရှိယကိုရည်ညွှန်းခြင်းဖြစ်သည်။
  • ယေရှုက သန့်ရှင်းသောဝိညာဉ်တော်ကို နှစ်သိမ့်သူ ဟုခေါ်ဆိုပြီး ထိုသန့်ရှင်းသောဝိညာဉ်တော်သည် ယေရှုခရစ်အားဖြင့် ယုံကြည်သူများကိုနှစ်သိမ့်မှုပေးမည်ဖြစ်သည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံအပေါ်မူတည်ပြီး "နှိမ့်သိမ့်သည်" ကို "နာကျင်မှုကိုသက်သာစေသူ" ၊ "ကူညီသည်" ဟုဘာသာပြန်ဆိုနိုင်သည်။