my_tw/bible/other/clothed.md

2.9 KiB

အဝတ်၊ အဝတ်အစား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ကျမ်းစာထဲတွင် အဝတ်နှင့်ရစ်ပတ်သည် ဟူသောစကားမှာ တစ်စုံတစ်ခုနှင့်ထောက်ပံ့ခြင်း၊ တပ်ဆင်ခြင်းကိုဆိုလိုပါသည်။ တစ်စုံတစ်ဦးကို ဆင်ယင်သည်ဟူသောစကားမှာ သတ်မှတ်အရည်အသွေးရှိသူကိုလိုက်ရှာခြင်းဖြစ်သည်။

  • အဝတ်ဝတ်ထားသော အပြင်ခန္ဓာကိုမြင်ရသကဲ့သို့ ထူးခြားသောအရည်အသွေးကို အခြားသူများမြင်နိုင်မည်ဖြစ်သည်။ "မိမိကိုယ်ကို ကြင်နာခြင်းနှင့်ဆင်ယင်ခြင်း" ဆိုသည်မှာ မိမိ၏ကြင်နာတတ်မှုကို အခြားသူများအလွယ်တကူမြင်နိုင်ခြင်းဖြစ်သည်။
  • "အထက်အရပ်မှတန်ခိုးဖြင့်ဆင်ယင်" သည် ဟူသောစကားမှာ သင့်ကိုပေးထားသောတန်ခိုးပင်ဖြစ်သည်။
  • အနုတ်လက္ခဏာဖြင့်လည်းအသုံးပြုနိုင်သည်။ အရှက်တရားဖြင့်လွှမ်းခြုံသည်၊ အကြောက်တရားဖြင့်လွှမ်းခြုံသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဖြစ်နိုင်မည်ဆိုပါက မိမိကိုယ်ကိုဆင်ယင် သည်ဟူသောစကားကို စာစကားဖြင့်သာမှတ်ယူသင့်သည်။ အဝတ်အစားဝတ်သည်ဟုဆိုလိုပါက ဝတ်ဆင်သည်ဟု ဘာသာပြန်ဆိုသင့်သည်။
  • အဓိပ္ပာယ်မမှန်သေးပါက ပြသခြင်း၊ ကြေငြာခြင်း၊ ဖြည့်တင်းခြင်း၊ ထိုကဲ့သို့အရည်အသွေးရှိခြင်း စသည့်တို့ဖြင့်ဘာသာပြန်ဆိုနိုင်သည်။
  • "မိမိကိုယ်ကိုဆင်ယင်သည်" ဟူသောစကားကို မိမိကိုယ်ကိုဖုံးကာသည် သို့မဟုတ် ထိုကဲ့သို့ပြုမူသည် ဟုဘာသာပြန်ဆိုနိုင်သည်။