my_tw/bible/other/citizen.md

2.2 KiB

တိုင်းသူပြည်သား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

တိုင်းသူပြည်သားဆိုသည်မှာ နိုင်ငံတော်၊ တိုင်းပြည်၊မြို့ စသည်တွင်နေထိုင်သူများကိုခေါ်ဆိုပါသည်။ ထိုနေရာက တရားဝင်သတ်မှတ်ထားသောသူများဖြစ်သည်။

  • ‌ရေခံမြေခံအပါ်မူတည်၍ "ဒေသခံလူ" သို့မဟုတ် "တရားဝင်နေထိုင်သူ" ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • နိုင်ငံသားတစ်ယောက်သည် ကျယ်ပြန့်သောနိုင်ငံတော်၏အစိတ်အပိုင်းတွင် အုပ်ချုပ်သော မင်း၊ဘုရင်၊ အုပ်ချုပ်သူ စသည်တို့၏ အုပ်ချုပ်မှုအောက်တွင်ရှိနေပါသည်။ ဥပမာ- ပေါလုသည် ပြည်နယ်များစွာရှိသော ရောမအင်ပါယာ၏နိုင်ငံသားဖြစ်ပြီး တစ်ခုသောပြည်နယ်တွင်နေထိုင်သူဖြစ်သည်။
  • ပုံပမာခိုင်းနှိုင်းပြီး ယေရှုကိုယုံကြည်သူများကို ကောင်းကင်နိုင်ငံသားဟုခေါ်ဆိုသည်။ အကြောင်းမှာ တစ်နေ့တွင်ထိုနေရာတွင်နေထိုင်မည်ဟု ယုံကြည်သောကြောင့်ဖြစ်သည်။ တိုင်းပြည်တစ်ခု၏နိုင်ငံသားများကဲ့သို့ပင် ခရစ်ယာန်များသည်လည်း ဘုရားသခင်၏နိုင်ငံတော်နှင့် သက်ဆိုင်သူများဖြစ်သည်။