my_tw/bible/other/chaff.md

1.2 KiB

ဖွဲ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"ဖွဲ" ဆိုသည်မှာအစေ့ကိုဖုံးအုပ်ထားသည့်အခွံဖြစ်သည်။ လူများသည် "ဖွဲ" ကိုစား၍မရသော အစေ့နှင့်ပိုင်းခြားပြီး လွင့်ပစ်တတ်ကြသည်။

  • အစေ့ဆန်များကို လေထဲသို့ပင့်ပြီး အစေ့နှင့်ဖွဲကို ခွဲထုတ်ရသည်။ "ဖွဲ" မှာ လေနှင့်လွင့်ပါသွားပြီး အစေ့များက မြေပြင်သို့ကျသည်။ ထိုကဲ့သို့လုပ်ဆောင်ခြင်းကို "ခြွေလှေ့ခြင်း။ စကာချခြင်း" ဟုခေါ်သည်။
  • ကျမ်းစာထဲတွင် ထိုဝေါဟာရသည် မကောင်းသောသူ၊ အသုံးမကျသောအရာများကို ခိုင်းနှိုင်း သုံးနှုန်းထားပါသည်။