my_tw/bible/other/census.md

2.8 KiB

သန်းခေါင်စာရင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

"သန်းခေါင်စာရင်း"ဆိုသောဝေါဟာရမှာ တိုင်းနိုင်ငံတစ်ခုထဲတွင်ရှိသော လူအရေအတွက်ကို စနစ်တကျရေတွက်ခြင်းဖြစ်သည်။

  • ဓမ္မဟောင်းကျမ်းစာတွင် ဘုရားစေခိုင်းသောကြောင့် ဣသရေလလူမျိူးများ အီဂျစ်မှမထွက်ခွာခင်အချိန်နှင့် ခါနာန်ပြည်သို့မဝင်ခင် စသည်တို့တွင် လူရေတွက်ခြင်းများကို အချိန်အပိုင်းအခြားအလိုက် မှတ်တမ်းတင်ထားပါသည်။
  • တခါတရံတွင် သန်းခေါင်စာရင်း ကောက်ခံခြင်းသည် တိုင်းသူပြည်သားများ အခွန်မည်မျှပေးသင့်သည်ကို သိချင်သောရည်ရွယ်ချက်ကြောင့်ဖြစ်သည်။
  • ဥပမာ- ထွက်မြောက်ရာကျမ်းတွင် ဗိမာန်တော်အတွက် လူတစ်ဦးလျှင် ငွေပိဿာဝက် ထည့်ဝင်သင့်ကြောင်း သန်းခေါင်စာရင်းကောက်ခံခြင်းဖြင့် တွက်ချက်နိုင်ခဲ့ပါသည်။
  • ယေရှုငယ်စဉ်အခါက ရောမအစိုးရသည် တိုင်းပြည်တွင်လူဦးရေမည်မျှရှိပြီး အခွန်မည်မျှပေးဆောင်ရမည်ကို သိရှိနိုင်ရန် သန်းခေါင်စာရင်းကောက်ခံခဲ့ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • ဤစကားကို "နာမည်ရေတွက်ခြင်း"၊ "နာမည်စာရင်း"၊ "နာမည်စာရင်းသွင်းခြင်း" ဟုလည်းဘာသာပြန်ဆိုနိုင်ပါသည်။
  • "သန်းခေါင်စာရင်းကောက်သည်" ဟူသောစကားစုမှာ "လူနာမည်မှတ်သားခြင်း"၊ "နာမည်ထည့်သွင်းခြင်း"၊ "လူနာမည်ရေးချခြင်း" ဟူ၍လည်းဘာသာပြန်ဆိုနိုင်သည်။