my_tw/bible/other/bury.md

2.7 KiB

မြှပ်နှံသည်၊ မြှပ်နှံခြင်း၊ သဂြိုလ်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားသည် လူသေကိုအပေါက်၊ မြှပ်နှံမည့်နေရာသို့ထည့်ခြင်းဖြစ်သည်။ သဂြိုလ်ခြင်း ဆိုသည်မှာမြေတွင်မြှပ်ခြင်း သို့မဟုတ် သချိုင်းမြေကို ဆိုလိုခြင်းဖြစ်သည်။

  • လူသေကို မြေတွင်းနက်နက်ထဲထည့်ပြီး မြေပြန်ဖုံးထည့်ခြင်းဖြင့် မြှပ်နှံလေ့ရှိသည်။
  • အလောင်းကို ခေါင်းသေတ္တာထဲထည့်သွင်းပြီးလည်း မြှပ်နှံလေ့ရှိသည်။
  • သမ္မာကျမ်းစာခေတ်တွင် လူသေကိုဂူ တွင်ထည့်သွင်းလေ့ရှိသည်။ ယေရှုသေဆုံးပြီးနောက် သူ၏ခန္ဓာကိုယ်ကို အဝတ်နှင့်ပတ်စည်းပြီး ကျောက်ဂူထဲတွင်ထည့်သွင်းပြီး အဝကိုကျောက်တုံးကြီးနှင့်ပိတ်ထားလိုက်သည်။
  • လူသေမြှပ်နှံသော နေရာကို ဤအသုံးအနှုန်းဖြင့်သုံနှုန်းလေ့ရှိသည်။
  • အခြားအကြောင်းအရာများကိုလည်း မြှပ်နှံသည်ဟုသုံးနိုင်သည်။ ဥပမာ- အာခန်သည် ယေရိခေါမြို့မှယူဆောင်လာသော ငွေနှင့်အခြားပစ္စည်းများကို မြေမြှပ်ဝှက်ထားခဲ့လေသည်။
  • မျက်နှာကို လက်ဖြင့်ကာထားသည် ဟူသောအသုံးအနှုန်းဖြင့်လည်းသုံးနိုင်သည်။
  • တစ်ခါတစ်ရံတွင် ဝှက်ထားသည် ဟူသောစကားကို မြှပ်နှံသည်ဟုသုံးနိုင်သည်။ အာခန်က ယေရိခေါမြို့မှပစ္စည်းများကို မြေမြှပ်ပြီးဝှက်ထားခြင်းဖြစ်သည်။