my_tw/bible/other/burden.md

2.1 KiB

၀န်ထုပ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

၀န်ထုပ်ဆိုသည်မှာ လေးလံသောဝန်ဖြစ်သည်။ တိရစ္ဆာန်ဖြင့် သယ်ယူသောဝန်ဖြစ်သည်။ ဝန်ထုပ်ဟူသောစကားတွင် ပုံပမာခိုင်းနှိုင်းသော အဓိပ္ပါယ်များစွာရှိပါသည်။

  • ဝန်ထုပ်ဆိုသည်မှာ ခက်ခဲသောတာဝန်၊ အရေးကြီးသောတာဝန်ယူမှုဖြစ်နိုင်ပါသည်။ ထိုသူသည် လေးလံသောဝန် ကိုထမ်းဆောင်၊ သယ်ယူနေရသည်။
  • ရက်စက်သောခေါင်းဆောင်သည် ခက်ခဲသောဝန်ကိုပေးလေ့ရှိသည်။ ဥပမာ- မြောက်များစွာသော အခွန်ငွေကိုကောက်ခံသည်။
  • တစ်စုံတစ်ဦးအား ဝန်ထုပ်မဖြစ်စေခြင်းဆိုသည်မှာ တစ်စုံတစ်ဦးအား မိမိကြောင့်ဒုက္ခမရောက်စေခြင်းဖြစ်သည်။
  • မိမိ၏မှားယွင်းခြင်းအပြစ်သည် မိမိအတွက်ဝန်ထုပ်ပင်ဖြစ်သည်။
  • ဘုရား၏ဝန် ဆိုသည်မှာ ပရောဖက်မှတဆင့် လူထုထံရောက်ရှိသော ဘုရား၏သတင်းစကားဖြစ်ပါသည်။
  • ဝန်ထုပ်ကို တာဝန်ခံမှု၊ တာဝန်၊ လေးလံသောဝန်၊ သတင်းစကား စသည်ဖြင့် အခြေအနေပေါ်မူတည်ပြီး ဘာသာပြန်ဆိုသင့်သည်။