my_tw/bible/other/bridegroom.md

1.3 KiB

သတို့သား

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သတို့သားသည် သတို့သမီးနှင့် မင်္ဂလာဆောင်မည့်သူဖြစ်သည်။

  • သမ္မာကျမ်းစာခေတ် ယုဒတို့၏ဓလေ့တွင် သတို့သားက သတို့သမီးကိုယူဆောင်ရန် လာရောက်ခြင်းဖြစ်သည်။
  • ကျမ်းစာတွင် ယေရှုက သတို့သားသည် အသင်းတော်ဟူသော သတို့သမီးကိုလာရောက်ခေါ်ဆောင်မည်ဟု ဥပမာပေးပြီးဆုံးမထားသည်။
  • ယေရှုက တပည့်တော်များကို သတို့သားနှင့် ပွဲခံသောသူများဟုခိုင်းနှိုင်းသည်။ သတို့သားမရှိတော့သည့်အခါ ထိုလူများပူဆွေးရမည်ဖြစ်ကြောင်း ယေရှုက ခိုင်းနှိုင်းဖော်ပြထားသည်။