my_tw/bible/other/bribe.md

1.7 KiB

လာဘ်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

လာဘ်ထိုးခြင်းဆိုသည်မှာ လူတစ်ယောက်အား ပိုက်ဆံပေးပြီး မဟုတ်မှန်သည့်အရာကိုလုပ်ဆောင်စေခြင်းဖြစ်ပါသည်။

  • ယေရှု၏ဂူကိုစောင့်သော စစ်သည်များကို လာဘ်ထိုးပြီးမဟုတ်မမှန်ပြောဆိုစေခဲ့သည်။
  • တစ်ခါတစ်ရံတွင် အစိုးရတာဝန်ရှိသူများသည် ရာဇဝတ်မှုကို လာဘ်ထိုးခြင်း၊ မဲရရှိရန်လာဘ်ထိုးခြင်း စသည်ဖြင့်လုပ်ဆောင်တတ်သည်။
  • ကျမ်းစာက လာဘ်ပေး၊လာဘ်ယူခြင်းကို တားမြစ်ထားသည်။
  • လာဘ် ဆိုသောစကားကို မမှန်သောပေးချေခြင်း၊ လိမ်ညာ၍ပေးခြင်း၊ ဥပဒေချိုးဖောက်စေသောအရာ ဟုဘာသာပြန်ဆိုနိုင်သည်။
  • လာဘ်ကို တစ်စုံတစ်ယောက်အားလွှမ်းမိုးရန်ပေးခြင်းး၊ မမှန်ကန်သည့်မျက်နှာသာရရန်ငွေပေးခြင်း၊ ဦးစားပေးခံရရန်ငွေပေးခြင်းဟု ပြန်ဆိုနိုင်သည်။