my_tw/bible/other/breastplate.md

1.8 KiB

ရင်အုပ်၊ ရင်အုပ်တန်ဆာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားသည် စစ်သားများ၏ ရင်ဘတ်တွင်ရှိသောအကာဖြစ်သည်။ ဣသရေလတို့၏ ယဇ်ပုရောဟိတ်မင်းရင်အုပ်တွင် ဝတ်ဆင်ထားသော အထူးအဝတ်တန်ဆာတစ်ခုလည်းဖြစ်ပါသည်။

  • စစ်သားများ၏ရင်အုပ်မှာ သစ်သား၊ သတ္တု၊ တိရစ္ဆာန်သားရေ ဖြစ်သည်။ မြှား၊ လှံ၊ ဓား စသည်တို့မထိုးဖောက်နိုင်အောင် ကာကွယ်ခြင်းဖြစ်သည်။
  • ဣသရေလတို့၏ ယဇ်ပုရောဟိတ်မင်းဝတ်ဆင်သော ရင်အုပ်မှာ အဝတ်ဖြစ်ပြီး အဖိုးတန်ကျောက်မျက်များဆင်ယင်ထားသည်။ ဗိမာန်တော်တွင် ဘုရားအမှုဆောင်ရွက်နေစဉ် ထိုတန်ဆာကို ဝတ်ဆင်ထားရသည်။
  • ရင်အုပ်ကို အခြားစကားများဖြစ်သော သတ္တုရင်အုပ်အကာ၊ ရင်အုပ်တန်ဆာ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ယဇ်ပုရောဟိတ်၏ရင်ဝတ်၊ ယဇ်ပုရောဟိတ်အဝတ်၊ ပရောဖက်ရင်ဝတ်တန်ဆာ ဟုလည်းပြန်ဆိုနိုင်သည်။