my_tw/bible/other/bow.md

3.1 KiB

ဦးချသည်၊ ဦးညွှတ်သည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဦးချသည် ဆိုရာတွင် တစ်စုံတစ်ဦးအား ရိုသေစွာ၊ နှိမ့်ချစွာဖြင့် ဦးညွှတ်ခြင်းဖြစ်သည်။ ဦးညွှတ်ခြင်း၊ မျက်နှာငုံပြီး လက်ကိုမြေကြီးပေါ်ထောက်လျက် ဖြည်းညင်းစွာဒူးထောက်လိုက်ခြင်းဖြစ်သည်။

  • အခြားအမူအရာများမှာ ဒူးထောက်ခြင်း၊ ဦးညွှတ်ခြင်း(ရိုသေခြင်း သို့မဟုတ် ဝမ်းနည်းခြင်းကြောင့် ခေါင်းငုံ့ထားခြင်း) စသည်တို့ဖြစ်သည်။
  • ဦးညွှတ်ခြင်းတွင် စိတ်ပျက်၊ ဝမ်းနည်းခြင်းလည်းဖြစ်နိုင်သည်။ ဦးချသောသူသည် နှိမ့်ချခြင်း၊ အဆင့်နှိမ့် သွားခြင်းကိုပုံဆောင်သည်။
  • ပုံမှန်အားဖြင့် လူတစ်ဦးသည် ဘုရင်၊ အုပ်ချုပ်သူ အစရှိသော အဆင့်မြင့်ရာထူးရှိသူများကို ဦးညွှတ်လေ့ရှိသည်။
  • ဘုရားရှေ့ဦးချခြင်းသည် ကိုးကွယ်ပြပ်ဝပ်ခြင်းဖြစ်သည်။
  • ကျမ်းစာထဲတွင် ယေရှုအံ့သြဖွယ်နမိတ်များပြုလုပ်ချိန်၊ သူသည်ဘုရားထံမှလာသူဖြစ်ကြောင်း ပြောချိန်များ၌ လူများဦးညွှတ်လေ့ရှိသည်။
  • ယေရှုပြန်လည်ကြွလာချိန်တွင် လူအားလုံးဒူးထောက်ပြပ်ဝပ်ကြမည်ဟု ကျမ်းစာထဲ၌ဖော်ပြထားသည်။

ဘာသာပြန်အကြံပြုချက်များ

  • အကြောင်းအရာပေါ်မူတည်ပြီး ဤစကားကို ရှေ့သို့ကိုင်းညွတ်ခြင်း၊ ခေါင်းငြိမ့်ခြင်း၊ ဒူးထောက်ခြင်းဟု ပြန်ဆိုနိုင်သည်။
  • ဦးချသည် ကို ဒူးထောက်သည်၊ ပြပ်ဝပ်သည်ဟုလည်းပြန်ဆိုနိုင်သည်။
  • အကြောင်းအရာပေါ်မူတည်ပြီး အချို့ဘာသာစကားများတွင် စကားလုံးအမျိုးမျိုးရှိနိုင်သည်။