my_tw/bible/other/bold.md

2.2 KiB

ရဲတင်းသည်၊ ရဲရင့်စွာ၊ ရဲရင့်ခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဤစကားသည် အမှန်တရားကို သတ္တိရှိရှိ၊ ယုံကြည်စိတ်နှင့် မည်မျှပင် ခက်ခဲ၊ အန္တရာယ်ရှိနေပါစေ ပြောရဲခြင်းကိုဆိုလိုပါသည်။

  • ရဲရင့်သူသည် အနိုင်ကျင့်ခံနေရသူတစ်ယောက်အတွက် မကြောက်မရွံ့၊ ပြောဆိုလုပ်ကိုင်ရဲခြင်းဖြစ်သည်။ သတ္တိ၊ အကြောက်အရွံ့မရှိခြင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ဓမ္မသစ်ကျမ်းတွင် တပည့်တော်များသည် ထောင်ကျခြင်း၊ အသတ်ခံရနိုင်ခြင်းများရှိနေသော်လည်း ခရစ်တော်အကြောင်းကို လူပုံအလယ်၌ရဲရင့်စွာဟောပြောသည်ဟု ရေးသားထားသည်။ ယုံကြည်စိတ်ချစွာ၊ ရဲဝံ့သောသတ္တိ၊ သတ္တိရှိစွာ ဟုဘာသာပြန်ဆိုနိုင်သည်။
  • ခရစ်တော် ကားတိုင်ပေါ်အသေခံခြင်းကို တပည့်တော်များ ရဲဝံ့စွာဟောပြောခဲ့ခြင်းကြောင့် ဧဝံဂေလိတရားတော်သည် ဣသရေလပြည်နှင့် အခြားပြည်၊ ထို့နောက်မြေကြီးအနှံ့အပြားသို့ ရောက်ရှိခဲ့ခြင်းဖြစ်သည်။ ရဲဝံ့ခြင်း ကို ယုံကြည်စိတ်သတ္တိ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။