my_tw/bible/other/blotout.md

2.1 KiB

ဖယ်ရှားသည်၊ သုတ်သင်သည်။

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဖယ်ရှားသည်၊ သုတ်သင်သည် ဟူသောစကားမှာ လူ၊ အရာဝတ္ထုကိုလုံးဝဖျက်ဆီး ဖယ်ရှားလိုက်ခြင်းဖြစ်ပါသည်။

  • ဤအသုံးအနှုန်းကို အပေါင်းလက္ခဏာအနေဖြင့် ဘုရားက အပြစ်အားလုံးကိုဖယ်ရှင်းပြီး မမှတ်ယူတော့ခြင်း ဟုလည်းအသုံးပြုနိုင်သည်။
  • အနုတ်လက္ခဏာအနေဖြင့် ဘုရားက အပြစ်တရားကြောင့် လူများကို ဖျက်ဆီးပစ်ခြင်း ဟုလည်းအသုံးပြုနိုင်သည်။
  • သမ္မာကျမ်းစာတွင် အသက်စာစောင်မှ လူတစ်ဦး၏ နာမည်ကိုဖယ်ထုတ်ခြင်း၊ ရှင်းထုတ်ခြင်း အားဖြင့် ထိုသူသည် ဘုရားသခင်၏အသက်စာစောင်မှ သုတ်သင်ခြင်း၊ ထာဝရအသက်မရတော့ကြောင်းကို ဆိုလိုသည်။

ဘာသာပြန်အကြံပြုချက်များ

  • အသုံးပြုသည့်အပေါ်မူတည်ပြီး ဖယ်ထုတ်သည်၊ ဖယ်ရှားသည်၊ အကြွင်းမဲ့ဖျက်ဆီးသည်၊ လုံးဝပယ်ရှင်း သည်ဟုပြန်ဆိုနိုင်သည်။
  • အသက်စာစောင်မှ တစ်စုံတစ်ယောက်အမည်ကို ဖယ်ထုတ်သည်၊ ဖျက်လိုက်သည်ဟု အသုံးပြုနိုင်သည်။