my_tw/bible/other/bloodshed.md

2.5 KiB

အသွေးသွန်းခြင်း

အသုံးအနှုန်းများ၏အဓိပ္ပါယ်

အသွေးသွန်းခြင်း သည်အသတ်ခံရခြင်း၊ စစ်ပွဲ၊အကြမ်းဖက်မှုတစ်ခုခုကြောင့် လူသေဆုံးရခြင်းကို ဆိုလိုပါသည်။

  • အသွေးသွန်းခြင်း ဆိုသည်မှာ လူ့ခန္ဓာကိုယ်အနာတစ်ခုမှ သွေးထွက်လာခြင်းဖြစ်သည်။
  • အသွေးသွန်းခြင်း ဆိုသည်မှာ လူအနှံ့အပြားကိုသေဆုံးစေခြင်းဖြစ်ပါသည်။
  • ယေဘုယျအသုံးအနှုန်းအားဖြင့် လူသတ်ခြင်းအပြစ် ဖြစ်ပါသည်။

ဘာသာပြန်အကြံပြုချက်များ

  • အသွေးသွန်းခြင်းကို လူကိုသတ်ခြင်း၊ လူအများစုအသတ်ခံရခြင်း ဟုပြန်ဆိုနိုင်သည်။
  • အသွေးသွန်းခြင်းအားဖြင့် ကို လူသတ်ခြင်းအားဖြင့်ဟု ဘာသာပြန်ဆိုနိုင်သည်။
  • အပြစ်မဲ့သွေးသွန်းခြင်းကို အပြစ်မရှိသူကိုသတ်ခြင်း ဟုပြန်ဆိုနိုင်သည်။
  • ဆက်ခါဆက်ခါအသွေးသွန်းခြင်း ကို လူကိုသတ်နေခြင်း၊ လူကိုဆက်ခါဆက်ခါသတ်ဖြတ်ခြင်း၊ လူအများကြီးကိုသတ်ခြင်း၊ လူများက အခြားလူများကိုသတ်ခြင်း ဟုဘာသာပြန်ဆိုနိုင်သည်။
  • "အသွေးသွန်းခြင်းသည် သင့်ကိုလိုက်လာမည်" ဟူသောစကားမှာ "သင်၏လူများဆက်၍အသတ်ခံရမည်၊ သင်၏လူများ အခြားနိုင်ငံများနှင့်စစ်ပွဲဆက်ဖြစ်ပြီး လူများဆက်၍သေမည်" ဟုအဓိပ္ပာယ်ရှိပါသည်။