my_tw/bible/other/beast.md

2.4 KiB

သတ္တဝါကြီး

အသုံးအနှုန်းများ၏အဓိပ္ပါယ်

သမ္မာကျမ်းစာတွင် သတ္တဝါကြီး ဆိုသည်မှာ တိရစ္ဆာန်ကို ဆိုလိုခြင်းဖြစ်သည်။

  • အရိုင်းအစိုင်းသတ္တဝါ ဆိုသည်မှာ လယ်ပြင်၊ တောထဲတွင် လွတ်လပ်စွာနေထိုင်ပြီး လူတို့မထိန်းကျောင်းနိုင်သော တိရစ္ဆာန်ဖြစ်သည်။
  • အိမ်မွေးသတ္တဝါ ဆိုသည်မှာ ခိုင်းစေရန်နှင့် အစာအဖြစ်မွေးမြူသောတိရစ္ဆာန်ဖြစ်သည်။ အိမ်မွေးတိရစ္ဆာန်ဆိုသည်မှာ ထိုသတ္တဝါများပင်ဖြစ်သည်။
  • ဒံယေလအနာဂတ္တိကျမ်းနှင့် ဗျာဒိတ်ကျမ်းတို့တွင် နတ်ဆိုးတန်ခိုးရှိပြီး ဘုရားသခင်ကိုဆန့်ကျင်သော အာဏာရှိသတ္တဝါကြီးများအကြောင်းကိုရေးသားဖော်ပြထားပါသည်။ (ရှု၊ Metaphor)
  • အချို့သောသတ္တဝါများသည် ဦးခေါင်းများစွာနှင့် ချိုများစွာရှိခြင်း၊ တန်ခိုးအာဏာရှိခြင်း စသောထူးခြားသောလက္ခဏာများရှိသည်။ ဤသည်မှာ တိုင်းနိုင်ငံ သို့မဟုတ် နိုင်ငံရေးအာဏာရှိခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။
  • ဘာသာပြန်ဆိုရာတွင် သတ္တဝါ၊ ဖန်ဆင်းခံအရာ၊ တိရစ္ဆာန်၊ တိရစ္ဆာန်ရိုင်း ဟုအသုံးပြုလိုသည့်အဓိပ္ပာယ်အတိုင်း ပြန်ဆိုသင့်သည်။