my_tw/bible/other/barley.md

1.5 KiB

ဘာလီ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ဘာလီဆိုသည်မှာ ပေါင်မုန့်ပြုလုပ်သော အစေ့တစ်မျိုးဖြစ်သည်။

  • ဘာလီပင်သည် ရိုးတံရှည်ပြီး ထိပ်တွင်အစေ့အဆန်များရှိသည်။
  • ဘာလီသည် ပူနွေးသောရာသီဥတုတွင်ကောင်းစွာကြီးရင့်သောကြောင့် နွေဦးနှင့် နွေရာသီတွင်ရိတ်သိမ်းလေ့ရှိသည်။
  • ဘာလီကိုခြွေလှေ့ရာတွင် စား၍ရသောအစေ့များနှင့် အခွံများသတ်သတ်စီဖြစ်သွားသည်။
  • ဘာလီစေ့ကို ကြိတ်၍အမှုန့်ဖြစ်စေပြီး ရေ သို့မဟုတ် ဆီနှင့်ရောပြီး ပေါင်မုန့်အဖြစ်အသုံးပြုနိုင်သည်။
  • ဘာလီနဲ့မရင်းနှီးသည့်ဒေသများအတွက် ဘာလီဟုခေါ်သောအစေ့ သို့မဟုတ် ဘာလီအဆန် ဟူ၍လည်း ဘာသာပြန်ဆိုနိုင်သည်။