my_tw/bible/other/assembly.md

2.9 KiB

စည်းဝေးခြင်း၊ စုဝေးသည်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

စည်းဝေးခြင်း ဆိုသည်မှာ ပြဿနာဖြေရှင်းရန်၊ အကြံပေးရန်၊ ဆုံးဖြတ်ချက်ချရန် စုဝေးရောက်ရှိလာသောလူအုပ်ဖြစ်သည်။

  • စည်းဝေးသူများသည် တရားဝင်စီမံထားသော၊ အမြဲတမ်းအဖွဲ့ဝင်လူများဖြစ်နိုင်သလို၊ တစ်စုံတစ်ခုသောရည်ရွယ်ချက်အတွက် ယာယီစုဝေးကြသော လူအုပ်ဖြစ်နိုင်သည်။
  • ဓမ္မဟောင်းကျမ်းတွင် ထာဝရဘုရားကို ကိုးကွယ်ရန် ဣသရေလများစုဝေးကြသော သန့်ရှင်းသောစုဝေးခြင်း ဟူ၍ရှိသည်။
  • တစ်ခါတစ်ရံ စည်းဝေးခြင်း ဟူသောစကားမှာ ဣသရေလလူအုပ်စုကို ဆိုလိုပါသည်။
  • စုဝေးနေသောရန်သူအုပ်စုကိုလည်း စုဝေးသည် ဟုခေါ်ဆိုနိုင်သည်။ စစ်သား ဟုလည်းဘာသာပြန်ဆိုနိုင်သည်။
  • ဓမ္မသစ်ကျမ်းတွင် ယေရုရှလင်မြို့ အစရှိသည်တို့မှ စုဝေးသော ယုဒခေါင်းဆောင် (၇၀) တို့သည် တရားဝင်ကိစ္စများအတွက်၊ လူထုကြားအငြင်းပွားဖွယ်ရာများအတွက် တွေ့ဆုံလေ့ရှိသည်။ ဤလူစုကို လွှတ်အရာရှိ၊ ကောင်စီ ဟုခေါ်ဆိုသည်။

ဘာသာပြန်အကြံပြုချက်များ

  • ရေခံမြေခံပေါ်မူတည်ပြီး စည်းဝေးခြင်း ကို အထူးစုဝေးခြင်း၊ လူစု၊ ကောင်စီ၊ စစ်တပ်၊ လူအုပ်ကြီးဟုလည်း ပြန်ဆိုနိုင်သည်။
  • ဤစကားသည် ဣသရေလ လူအားလုံးကိုရည်ညွှန်းသောအခါ လူစု သို့မဟုတ် ဣသရေလလူများ ဟုပြန်ဆိုနိုင်သည်။
  • လူအားလုံး၊ ဣသရေလူအားလုံး၊ လူတိုင်း ဟုလည်းဘာသာပြန်ဆိုနိုင်သည်။