my_tw/bible/other/ash.md

2.5 KiB

ပြာ၊ ပြာမှုန့်၊ ဖုန်

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ပြာမှုန့်ဆိုသည်မှာ ထင်းများမီးလောင်ပြီးနောက် ကျန်ရစ်ခဲ့သော မီးခိုးရောင်အမှုန့်များဖြစ်သည်။ အသုံးမဝင်သောအရာ၊ တန်ဖိုးမရှိသောအရာအဖြစ် ပုံဥပမာခိုင်းနှိုင်းပြီး တစ်ခါတစ်ရံအသုံးပြုလေ့ရှိသည်။

  • သမ္မာကျမ်းစာတွင် ဖုန်မှုန့် ဆိုသည်မှာ ပြာမှုန့်ကိုဆိုလိုခြင်းဖြစ်သည်။ ခြောက်သွေ့မြေပြင်တွင်ရှိသော အမှုန့်ကိုလည်း ဆိုလိုပါသည်။
  • ပြာပုံ ဆိုသည်မှာ ပြာမှုန့်များစုပုံနေခြင်းဖြစ်သည်။
  • ရှေးခေတ်တွင် ပြာမှုန့်ထဲတွင်ထိုင်ခြင်းသည် ပူဆွေးဝမ်းနည်းခြင်းကို ပြသပါသည်။
  • ငိုကြွေးချိန်တွင် ကြမ်းတမ်းသောလျှော်တေအဝတ်ကို ဝတ်ဆင်ပြီး ပြာမှုန့်ကိုခေါင်းပေါ် ပက်ဖျန်းလေ့ရှိသည်။
  • ပြာမှုန့်ကိုခေါင်းပေါ် ကြဲခြင်းသည်လည်း နှိမ့်ချခြင်း၊ အရှက်ရခြင်းကို ဖော်ပြပါသည်။
  • အကျိုးမရှိသောအရာတစ်ခုကို ကြိုးစားရယူနေခြင်းကိုလည်း ပြာမှုန့်ကိုရယူခြင်းပင်ဖြစ်သည်။
  • ပြာမှုန့်ဟု ဘာသာပြန်မည်ဆိုပါက လောင်ကျွမ်းပြီးသောအရာဟု အဓိပ္ပာယ်သက်ရောက်အောင် ဘာသာပြန်ဆိုရမည်။
  • ash tree ဆိုသည်မှာ အမြဲစိမ်းသစ်ပင်တစ်မျိုးဖြစ်သည်။