my_tw/bible/other/armor.md

2.1 KiB

ချပ်ဝတ်တန်ဆာ

အသုံးအနှုန်းများ၏အဓိပ္ပါယ်

ချပ်ဝတ်တန်ဆာဆိုသည်မှာ စစ်ပွဲတွင်အကာအကွယ်အဖြစ်ဝတ်သော အရာဖြစ်သည်။ တင်စားမှုပေးပြီး ဝိညာဉ်တော်ဒိုင်းလွှား ဟူ၍လည်းပြောဆိုနိုင်သည်။

  • စစ်သားတစ်ယောက်၏ချပ်ဝတ်တန်ဆာများမှာ ဦးထုပ်၊ ဒိုင်း၊ ခါးပန်း၊ ခြေစွပ် နှင့် ဓား ဖြစ်သည်။
  • ဝိညာဉ်ရေးတိုက်ပွဲများတွင် ယုံကြည်သူများအတွက် ဘုရားသခင်ပြင်ဆင်ပေးသော ဝိညာဉ်ရေးဒိုင်းလွှားများရှိကြောင်း ပုံဥပမာပေး၍ ပေါလုကခိုင်းနှိုင်းပြီးရေးသားခဲ့သည်။
  • စာတန်နှင့် အပြစ်တရားကို တိုက်ခိုက်ရန် ဘုရားသခင်ပြင်ဆင်ပေးသော ဝိညာဉ်တော်လက်နက်များမှာ သစ္စာတရား၊ ဖြောင့်မတ်ခြင်း၊ ငြိမ်သက်ခြင်းနှင့်ယှဉ်သော ဧဝံဂေလိတရား၊ ယုံကြည်ခြင်း၊ ကယ်တင်ခြင်း နှင့် သန့်ရှင်းသောဝိညာဉ်တော် စသည်တို့ဖြစ်သည်။
  • ဤစကားလုံးကို စစ်သည်တော်၏တန်ဆာပလာ၊ တိုက်ပွဲချပ်ဝတ်တန်ဆာ၊ အကာအကွယ်ပစ္စည်း၊ လက်နက်များ ဟုလည်းဘာသာပြန်ဆိုနိုင်သည်။